ချဲလ်ဆီး အသင်း ရော်ဘင်ညိုအား ခေါ်ယူ နိုင်ရေးကြိုးပမ်းနေ

alt

ချဲလ်ဆီး နည်းပြ ဂူးလ် ဟစ်ဒင့်သည် မန်ချက်စတာ စီးတီးအသင်းမှ ဘရာဇီးတောင်ပံ တိုက်စစ်မှူး ရော်ဘင်ညိုအား ခေါ်ယူ နိုင်ရေးအတွက် အသင်း ခေါင်းဆောင် ဂျွန် တယ်ရီကို

အလိုက်ပေး ကမ်းလှမ်း သွားဖွယ်ရှိကြောင်း အားကစား သတင်းများက သုံးသပ် ရေးသားလျှက် ရှိသည်။

အင်္ဂလန် လက်ရွေးစင် အသင်း ခေါင်းဆောင်လည်း ဖြစ်သည့် တယ်ရီမှာ ချဲလ်ဆီး ပရိသတ်များ၏ အချစ်တော် နောက်ခံလူ ဖြစ်သော်လည်း မကြာသေးမီက စည်းကမ်းပိုင်း ယိုယွင်းမှု အတွက် ဟစ်ဒင့်က ပြင်းထန်စွာ ပြစ်တင် ပြောကြားမှု ခံထားရသည်။

ဟစ်ဒင့်သည် ဘရာဇီး ကစားသမား ရော်ဘင်ညိုအား စိတ်ဝင်စား နေသည့်တိုင် အသင်း ရံပုံငွေ တောင့်တင်းမှု မရှိခြင်းကြောင့် ၎င်းအား ခေါ်ယူနိုင်ရေးမှာ စိတ်ထင်တိုင်း မဖြစ်မြောက်ဘဲ ဖြစ်နေရသည်ဟု ဆိုသည်။

ထို့ကြောင့်လည်း ၎င်းနှင့် မပြေလည်သည့် တယ်ရီကို အလိုက်ပေးကာ ရော်ဘင်ညိုကို အသင်းသို့ ခေါ်ယူရန် ကြံစည်နေကြောင်း အင်္ဂလန် မီဒီယာများက ဖော်ပြခဲ့ကြသည်။ မန်ချက်စတာ စီးတီးသည်လည်း တယ်ရီကို စိတ်ဝင်စားလျှက် ရှိနေသောကြောင့် အပြောင်းအရွှေ့မှာ အမှန်တကယ် ဖြစ်လာဖွယ် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here