လူတို့၏ အိုမင်း ရင့်ရော်မှု စတင်ချိန်

alt

လူတယောက်၏ အိုမင်း ရင့်ရော်မှုသည် အသက် (၂၇)နှစ် အရွယ်တွင် စတင် လာကြောင်း ပညာရှင်များက ရှာဖွေ သိရှိ လာကြသည်။

မူလက လူအများစုသည် သတိမေ့ လျော့မှုများ ဖြစ်လာ တတ်သည့် (၄၀-၅၀)ကျော် ကာလများမှ အိုမင်းမှု စတင်သည်ဟု ထင်မှတ်နေသော်လည်း သိပ္ပံ ပညာရှင်များက အိုမင်းမှု အခြေအနေသည် (၂၇)နှစ်တွင် စတင်လာပြီဟု တွေ့ရှိချက်အား ပြောကြားလိုက်သည်။

၎င်းတို့၏ အဆိုအရ အသက် (၂၂)နှစ်တွင် လူတဦး၏ နုနယ် ပျိုမြစ်မှုသည် အမြင့်မား၊ အလတ်ဆတ်ဆုံး အချိန်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ အသက် (၁၈)နှစ်မှ (၆၀)အကြား ယောက်ျား၊ မိန်းမ (၂၀၀၀) ကျော်တို့အား (၇)နှစ်ကြာ သုတေသန ပြုလုပ်ပြီးနောက် ယခု ရလဒ်ကို ဗာဂျီးနီးယား တက္ကသိုလ်မှ သုတေသီများက ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် လူတဦးချင်းစီ၏ မှတ်ဉာဏ်စွမ်းရည်၊ ကျန်းမာရေး၊ ပညာသင်ကြားမှုစသည့် နယ်ပယ်မျိုးစုံ အတွက် မှတ်တမ်း ပြုစုခဲ့ခြင်း ဖြစ်သည်။ ဗာဂျီးနီးယားမှ ပရော်ဖက်ဆာ တင်မိုသီ ဆော့ဟောက်စ်က ၎င်းတို့သည် မတူညီသော စမ်းသပ်မှု (၁၂)ခုထိ ပြုလုပ်ခဲ့ပြီး အသက် (၂၂)နှစ် အရွယ်သည် လူတဦး၏ ဘဝတွင် ကျန်းမာရေး အကောင်းမွန်ဆုံး၊ နုနယ် ပျိုမြစ်မှုများ အဖူးပွင့်ဆုံး ကာလဟု ထောက်ခံခဲ့သည်။

မူလက သုတေသန ရလဒ်များတွင် လူတဦး၏ အိုမင်းမှုသည် အသက် (၄၇)နှစ်ကျမှ စတင်ကြောင်း အများစုက လက်ခံယုံကြည် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here