အနှစ်(၂၀)ပြည့် World Wide Web

alt

World Wide Web ၏ သက်တမ်းသည် အနှစ်(၂၀) တင်းတင်း ပြည့်ခဲ့ချေပြီ။ ဆာတင် ဘာနာလီး စတင်ခဲ့သော World Wide Web ၏ ရာစုနှစ်(၂)ခု ဖြတ်သန်းခဲ့သော အမှတ်တရ

အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပခဲ့ကြသည်ဟု သိရှိရသည်။

(၁၉၈၉) ခုနှစ်၊ မတ်လ အတွင်းက ဆာတင် ဘရိုင်ယန်လီးသည် CERN မှ သိပ္ပံပညာရှင်များ၊ ဥရောပ နျူကလီးယား သုတေသနအဖွဲ့၊ အခြားသော သတင်း အချက်အလက် စီမံအဖွဲ့များနှင့် ပူးပေါင်းပြီး Academic ပညာရေး Framework တစ်ခု အသွင်ဖြင့် World Wide Web ကို အသက် သွင်းခဲ့ခြင်းဖြစ်သည်။ ကွန်ပျူတာ သိပ္ပံဌာန ၀င်ဒီဟောကတင်သည် အဖွဲ့အစည်း အသီးသီးတို့၏ အကောင်းဆုံး အကြံဉာဏ်နှင့် စိတ်ကူး စိတ်သန်းများကို စုစည်းနိုင်ခဲ့သည်ဟု အမှတ်တရ ချီးကျူးစကား ပြောဆို သွားသည်။

ဂျီနီဗာတွင် ကျင်းပခဲ့သော အခမ်းအနားတွင် တင် ကိုယ်တိုင်လည်း မိန့်ခွန်း ပြောကြားသွားပြီး Web လောက သမိုင်းစဉ်နှင့် အင်တာနက် နည်းပညာ တိုးတက်မှုများ အတွက် ကျေနပ်မိကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ယခု သီတင်းပါတ် အစောပိုင်းက တင်သည် အင်တာနက် ကျူးကျော်မှုများမှာ သူတပါးနေအိမ် အတွင်း Spy Camera တပ်ထားသကဲ့သို့ သည်းမခံနိုင်စရာ Privacy တခုအဖြစ် ရှုတ်ချပြီး ဗြိတိန် ပါလီမန်ကိုလည်း ထိုအချင်းအရာ အတွက် ဂရုပြု ကိုင်တွယ်ရန် သတိပေး ထားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here