သီရိလင်္ကာအရေး ကုလသမဂ္ဂစိုးရိမ်

alt

သီရိလင်္ကာ တွင် စစ် ရာဇဝတ်မှုများ ပေါ်ပေါက်လာမည် ကို ကုလသမဂ္ဂ က စိုးရိမ် နေကြသည်။ အစိုးရ တပ်များ နှင့် တမီကျား သူပုန်များ တိုက်ပွဲများ ပြင်းထန်နေမှုအပေါ် ကုလ သမဂ္ဂ က ပူပန် နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အဆင့်မြင့် ကော်မရှင်နာ နေဗီပိုင်လေး က ပြောကြား ခဲ့သည်။

စစ်ပွဲ ဒေသများ အတွင်း နိုင်ငံတကာ စစ် သတင်းထောက်များ ၀င်ရောက်ခွင့် မရှိခြင်းသည်လည်း စစ်ဖြစ်ရာ ဒေသများ အတွင်း ပြည်သူများ အနေ နှင့် မည်သို့ ဖြစ်ပျက်နေသည်ကို မသိနိုင်ဘဲ ဖြစ်နေ ရသည်။ လက်တလော ဖြစ်ပွား နေသည့် အခြေအနေများ အားလုံးကို မှန်းဆနိုင်ခြင်း မရှိဟု နေဗီပိုင်လေးက ပြောကြား သွား သည်။ သီရိလင်္ကာ အစိုးရတပ်များ နှင့် သူပုန်များကြား တိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ သူပုန်များအား ထောက်ပံ့ နေသည့် ကျေးရွာများကို လည်း အစိုးရတပ်များ က ရက်ရက်စက်စက် နှိမ်နင်းနေ သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ် လာနေသည်။

ကုလသမဂ္ဂ ခန့်မှန်းမှုများအရ စစ်ပွဲများအတွင်း အရပ်သားများအပါအဝင် ထောင်နှင့်ချီပြီး သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်နေနိုင်ကြောင်း ပါရှိခဲ့သည်။ လက်ရှိအချိန်တွင် ကုလသမဂ္ဂအနေနှင့် စစ်ပွဲဖြစ်ပွားနေသည့် ဒေသများအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် အသည်းအသန် ကြိုးပမ်းလျက် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here