ဘင်နီတက်၏ အနာဂတ်ကို လာမည့်သီတင်း (၂)ပတ်အတွင်း ဆုံးဖြတ်မည်

alt

ရာဖေး ဘင်နီတက် က လီဗာပူး အသင်း တွင် ၎င်း၏ အနာဂါတ် နှင့် ပတ်သက်ပြီး လာမည့် သီတင်းနှစ်ပါတ် အတွင်း ဆုံးဖြတ် သွားမည်ဟု ပြောကြား လိုက်သည်။

စပိန်လူမျိုး နည်းပြကြီး သည် အသင်းပိုင်ရှင် အမေရိကန် သူဌေးများ နှင့် အဆင် မပြေသလို စာချုပ်သစ် ချုပ်ဆိုရန်ကိုလည်း ဆိုင်းငံ့ ထားသဖြင့် ၎င်းလီဗာပူး မှ ထွက်ခွာတော့မည်ဟု သတင်းများ၌ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည်။

ဘင်နီတက်က ၎င်းသည် အသင်းပိုင်ရှင်များ နှင့် တွေ့ဆုံ ညှိနှိုင်းပြီး ၎င်း၏ အနာဂါတ် အတွက် ရှင်းရှင်းလင်းလင်း သိရအောင် မေးမြန်း သွားမည် ဖြစ်ကြောင်း၊ လာမည့် သီတင်းပါတ် အတွင်း ဆွေးနွေးမှုများ စတင်နိုင်ရန် မျှော်လင့်ထားကြောင်း သတင်းထောက်များထံ ပြောကြားသွားခဲ့သည်။

၎င်းအနေနှင့် အန်းဖီးလ် ကွင်းကြီးတွင် အခြေကျ ပျော်ရွှင်နေသော်လည်း ဘာကိုမျှ ယတိပြတ် မပြောနိုင်သေးပါ ဟုလည်း ဘင်နီတက် က ဆိုသည်။ လီဗာပူး ပရိသတ်များ နှင့် ကစားသမားများ ကမူ ၎င်းတို့ နည်းပြဖက်မှ အပြည့်အဝ ထောက်ခံလျှက်ရှိပြီး ဘင်နီတက်အား လီဗာပူးတွင် ဆက်နေရန် တောင်းဆို လျှက်ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here