မိုက်ကယ်ဂျက်ဆင် ဖျော်ဖြေပွဲလက်မှတ်များ ရောင်းကုန်သွား

alt

လန်ဒန်မြို့  O2 အားကစား ကွင်းကြီးတွင် ပြုလုပ်မည့် မိုက်ကယ် ဂျက်ဆင် ၏ 50-gig ဖျော်ဖြေပွဲအတွက် လက်မှတ်များကို အကုန်အစင် ရောင်းချ ခဲ့ရကြောင်း သိရသည်။

ပွဲစီစဉ်သူများ က ဇူလိုင်လကျမှ ကျင်းပမည်ဖြစ်သော ဖျော်ဖြေပွဲကြီး အတွက် ကြိုတင် လက်မှတ်များကို ဈေးကွက်တင်ပြီး (၅) နာရီအတွင်း စံချိန်တင် အပြတ် ရောင်းချ လိုက်ရပြီဟု ကြေငြာ ခဲ့သည်။

အသက် (၅၀) အရွယ် Pop ဂီတ ဘုရင်ကြီး သည် အနုပညာလောက နှင့် အဆက်ပြတ် နေသော်လည်း ပရိသတ်အကြား ၎င်း၏ အောင်မြင်မှု အရှိန်အဝါ မကျဆင်း သေးကြောင်းကို ယခုဖြစ်ရပ်က သက်သေခံ လျှက်ရှိနေသည်။

ဂျက်ဆင် သည် စင်မြင့် ဖျော်ဖြေပွဲများ နှင့် ကင်းကွာနေသည်မှာ (၁၂) နှစ်မျှ ကြာမြင့် ခဲ့ပြီးဖြစ်သော်လည်း မိုက်ကယ်ဂျက်ဆင် သည် ယခု ဖျော်ဖြေပွဲကို တလမျှ ကျင်းပသွားမည် ဖြစ်ပြီး ဖျော်ဖြေပွဲကိုလည်း (၁၀) ရက်ပြု လုပ်မည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here