လည်ပင်း ပိုတုတ်သူများ နှလုံးရောဂါ ပိုဖြစ်နိုင်

alt

လည်ပင်း ပိုတုတ်လေလေ၊ နှလုံးရောဂါ ရရှိ လေလေဖြစ်ကြောင်း စစ်တမ်းများ အရ သိရှိ ရသည်။ လည်ပင်း လုံးပတ် အတိုင်းအတာ အလိုက် လူပုဂ္ဂိုလ်များ ၏ နှလုံး ဖောက်ပြန်နိုင်မှု အလားအလာ

ကွာခြားတတ်ပြီး နှလုံးရောဂါ ရရှိနိုင်ခြေ ပြောင်းလဲ တတ်ကြောင်း Framingham နှလုံး သုတေသနဌာနမှ ပညာရှင်များက တွေ့ရှိ ခဲ့သည်။

လည်ပင်း တုတ်သူများသည် နှလုံးရောဂါ ရရှိနိုင်ခြေ သိသိသာသာ တိုးမြင့်လာကြောင်း ၎င်းတို့က ဆိုသည်။ လည်ပင်းလုံးပတ် အရွယ်ပမာဏ နှင့် နှလုံးရောဂါတို့ ဆက်စပ်မှု ရှိနေပုံကို လေ့လာခဲ့သူများက လည်ပင်းလုံးပတ် သာမန်မျှသာ ရှိခြင်းသည် ခန္ဓာကိုယ် အတွင်း ကိုလက်စထရော ပမာဏ သင့်တော်မျှတစွာ ရှိနေသည့် သဘော ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ယခု စစ်ဆေးမှု ရလဒ်များကို အမေရိကန် နှလုံးရောဂါဌာန ကလည်း ထောက်ခံခဲ့သည်။ ၎င်းတို့ သည် အမေရိကန်မှ အသက် (၅၁) နှစ်နှင့် အထက် အမျိုးသား၊ အမျိုးသမီး (၃၃၀၀)ကို လေ့လာမှုများ ပြုလုပ်ပြီး ယခုအဖြေကို သိရှိလာခြင်း ဖြစ်သည်။

သာမန် အနေအထားတွင် ယောက်ျားတဦး ၏ လည်ပင်းလုံးပတ်မှ (၄၀.၅) စင်တီမီတာနှင့် အမျိုးသမီးတဦး ၏ လည်ပင်း လုံးပတ်မှာ (၃၄.၂) စင်တီမီတာမျှ ရှိတတ်ကြောင်း ဖော်ပြထားပြီး လည်ပင်းလုံးပတ် တုတ်လာလေလေ၊ ကိုလက်စထရော များလာ လေလေဖြစ်ကြောင်း ပညာရှင်များက ရှင်းပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here