သမတဟောင်း ဘုရှ်အား ဖိနပ်ဖြင့် ပစ်ပေါက်သူ ထောင်ဒါဏ် ချမှတ်ခံရ

alt

အမေရိကန် သမတ ဂျော့ဘုရှ်ကို ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် သတင်းထောက်အား အီရတ် တရားရုံးက ထောင်ဒါဏ် (၃)နှစ် ချမှတ် လို်က်ပြီ ဖြစ်သည်။

၎င်းအတွက် အပြီးသတ် စီရင်ချက်ကို မတ်လ (၁၂)ရက်နေ့က ချမှတ် ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မိတ်ဆွေများနှင့် မိသားစုများက အဆိုပါ ပြစ်ဒါဏ်အား မကျေမနပ်၍ ကန့်ကွက်ခဲ့ကြသည်။

မန်တက်ဇာ အယ်ဇိုင်ဒီး သည် ရုပ်မြင်သံကြား သတင်းထောက် အဖြစ် အသက်မွေး နေသူဖြစ်ပြီး ၎င်း၏ ဖိနပ်ဖြင့် ပစ်ပေါက်မှုသည် အမေရိကန်ကို မုန်းတီးသော အာရပ် ကမာ္ဘတွင် အလွန် သတ္တိပြောင်မြောက်သည့် လုပ်ရပ်တခု ဖြစ်လာခဲ့သည်။

အသက် (၃၀) အရွယ် ဇိုင်ဒီးက ၎င်းထံတွင် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သော်လည်း အီရတ်နိုင်ငံ၊ မှုခင်းဆိုင်ရာ တရားရုံးက ပယ်ချပြီး ယခု ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အီရတ်သို့ ရောက်ရှိနေသည့် ဘုရှ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖိနပ်နှစ်ဖက်ဖြင့် ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ရပ်မှာ မွတ်ဆလင် ရိုးရာ ဓလေ့ထုံးစံများ အရ အကြီးအကျယ် နှိမ့်ချစော်ကားမှု တခုအဖြစ် သတ်မှတ်နိုင်ပြီး အီရတ် အစိုးရက ၎င်းအား နိုင်ငံတော် ဧည့်သည်ကို စော်ကားမှုဖြင့် စွဲချက်တင်ခဲ့သည်။ တရားရုံးမှ တရားသူကြီး ဒီယာ အယ်ဆာဒီက တရားခံသည် နိုင်ငံခြားအစိုးရ ခေါင်းဆောင်တဦးကို မလျော်မကန် ပြုမူခဲ့ကြောင်း ထင်ရှားသောကြောင့် ယခုပြစ်ဒါဏ်မှာ ထိုက်တန်ပါကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here