အာဆီယံနှင့် အခြား ဆွေးနွေးဖက် နိုင်ငံများ အစည်းအဝေး ပြောင်းရွှေ့ကျင်းပ

alt

အာဆီယံ အဖွဲ့၏ (+၃) နှင့် (+၆) ညီလာခံများကို မူလ သတ်မှတ်ထားသည့် ဖူးခက်တွင် မကျင်းပတော့ဘဲ ပတ္တယားသို့ ပြောင်းရွှေ့ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ အစိုးရက မတ်လ (၁၂) ရက်နေ့က ကြေငြာခဲ့သည်။

ယခုကဲ့သို့ ပတ္တယားသို့ ပြောင်းရွှေ့ ကျင်းပခြင်းမှာ ဖူးခက်ရှိ အပမ်းဖြေ ဟိုတယ်များ အားလုံး လောလောဆယ်တွင် ပြည့်နေ သဖြင့်ဟု သိရသည်။

ဧပြီလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ထိ ကျင်းပမည့် အဆိုပါ ညီလာခံကို Royal Cliff အပမ်းဖြေ ဟိုတယ်တွင် ပြုလုပ် သွားမည်ဖြစ်သည်။ အာဆီယံ ဒေသနိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ တက်ရောက်ကြမည့် အဆိုပါ အစည်းအဝေးကို ပတ္တယားတွင်သာ ကျင်းပ သွားတော့မည်ဟု ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဆူသပ် သောင်ဆူဘန်က ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here