မြန်မာနိုင်ငံတွင် စိတ်ကြွဆေးပြား သန်းနှင့်ချီ၍ ဖမ်းဆီးရမိ

alt

Methamphetamine စိတ်ကြွဆေးပြား (၂) သန်း ကို မြန်မာ နိုင်ငံ အတွင်း ဖမ်းဆီး ရမိကြောင်း အစိုးရပိုင် သတင်းဌာနများ က မတ်လ (၁၃) ရက်နေ့က ကြေငြာ လိုက်သည်။

ထိုင်းနိုင်ငံနယ်နိမိတ်အနီး ထရပ်ကားတစ်စင်း ၏ ဆီတိုင်ကီ အတွင်း ဖွက်ထားသည့် ဆေးပြားများ ကို ဖမ်းဆီး နိုင်ခဲ့ခြင်းဟု အာဏာပိုင်များ ကဆိုသည်။ ထိုဆေးဝါးများ ကို ဖေဖော်ဝါရီလ အတွင်းက ဖမ်းဆီးမိခြင်းဖြစ်ပြီး တာချီလိတ်မြို့ အတွင်း (၁၀) ဘီးကားတစ်စင်း အတွင်းမှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ကားပိုင်ရှင်ကို လည်း ထိန်းသိမ်း ထားလိုက်ပြီဟု သိရသည်။

မကြာသေးမီကမှ အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်သော စစ်တမ်းအတွင်း တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံ စာရင်းတွင် ပါ၀င်ခဲ့သော မြန်မာနိုင်ငံအတွက် ယခုဖမ်းဆီးရမိမှုသည် ပိုမိုတိကျသော အထောက်အထားတစ်ခု ဖြစ်လာခဲ့သည်။ ပမာဏများပြားသော စိတ်ကြွဆေးများ ဖမ်းဆီးရမိမှုသည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ယခုနှစ်ပိုင်းများအတွင်း တစထက်တစ တိုးမြင့်လာနေသည်။

မြန်မာ စစ် အစိုးရကမူ ၎င်းတို့အနေနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်မှု လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ပြောကြားထားပြီး ယမန်နှစ်အတွင်း ရှမ်းနှင့် ကချင်ပြည်နယ်များ မှ ဘိန်းစိုက်ခင်း(၇၈၉၃) ဧကကို ဖျက်ဆီးခဲ့ကြောင်း ကြေငြာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here