ရသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတဝှမ်း ရေ ပြဿနာ ပေါ်ပေါက်နိုင်

alt

ရာသီဥတု ပြောင်းလဲမှုများကြောင့် ကမာ္ဘတဝှမ်း တွင် ရေ ပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန် ခဲ့သည်။

ကမာ္ဘနှင့်အဝှမ်း ပူနွေးလာမှုများ ကြောင့် ရေရှားပါး ပြတ်လပ်မှုများ ဆီသို့ ဦးတည် သွားနိုင်ကြောင်း ကုလသမဂ္ဂမှ အေဂျင်စီ (၂၄) ခုက ထုတ်ပြန် ခဲ့သည့်စာမျက်နှာ (၃၄၈) မျက်နှာပါ အစီရင်ခံစာ အတွင်း ကမာ္ဘပေါ်တွင် ရေချို အရင်းအမြစ် ရှားပါးလာမှုများ ကို ထည့်သွင်း ဖော်ပြထားပြီး အနာဂတ် လူသား မျိုးဆက်များအတွက် ရေရှားပါးမှု သည် နက်နက်နဲနဲ စိုးရိမ်စရာ ဖြစ်လာနေကြောင်း မှတ်ချက်ပြု ထားသည်။ ရေရင်းမြစ်များ ရှားပါး လာခြင်းသည် ကမာ္ဘ့ဆင်းရဲ ကြပ်တည်းမှု နှင့်လည်း ဆက်စပ်လျက်ရှိပြီး လောင်စာ နှင့် အစားအသောက် စရိတ်များ ကြီးမြင့်လာမှုနှင့် ဈေးကွက်ငွေကြေးဆိုင်ရာ ရှုပ်ထွေးမှုများ က လူသားများကို အခြေအနေ ပိုမိုဆိုးရွားလာအောင် တွန်းပို့သလို ဖြစ်လာ နိုင်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ရေးသားထားသည်။

ယခုအရေးသည် နိုင်ငံရေးမဟုတ်ဘဲ နိုင်ငံတကာမှ စုပေါင်းအဖြေရှာရမည့် အကြပ်အတည်း ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြား ခဲ့သည်။ (၂၀၅၀) ပြည့်နှစ်တွင် ကမာ္ဘ့လူဦးရေသည် သန်း( ၉၀၀၀) အထိ မြင့်တက်လာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး သန့်စင်သော ရေ အရင်းအမြစ်များ တစထက်တစ ရှားပါးလာခြင်းက ထိုအချိန်တွင် အခက်အခဲများ ပိုမို ပေါ်ပေါက်လာစေနိုင်ကြောင်း သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here