မူးယစ် သောက်စားကာ အချစ်ရည် လူးခဲ့သည့် ဒူဘိုင်းမှ စုံတွဲ ထောင်ဒါဏ် လျော့ပေါ့ ခံရ

alt

မူးယစ် သောက်စားကာ  ဒူဘိုင်း ဂျူမေရာ ကမ်းခြေ လူမြင်ကွင်း၌ အမြင်မတော် အချစ်ရည် လူးခဲ့ပြီး လိင် ဆက်ဆံမှု ကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံမှ အရောင်း ဈေးသည် စုံတွဲအား ဒူဘိုင်း တရားရုံးတော်မှ ယနေ့ ထောင်ဒါဏ်

လျော့ပေါ့ ပေးလိုက်သည်ဟု ယနေ့ထုတ် ပင်လယ်ကွေ့ သတင်းများတွင် ဖေါ်ပြ ထားသည်။

အသက် ၂၆နှစ်အရွယ် အရောင်းဈေးသည် မောင်L. Z သည် အသက် ၂၀ အရွယ် အလားတူ အရောင်းဈေးသည် မ K.P တို့သည် ယခုအပါတ် အစောပိုင်းက ဒူဘိုင်း ဂျူမေရာ ကမ်းခြေတွင် သောက်စား မူးယစ်၍ လူမြင်ကွင်းတွင် လိင်ဆက်ဆံမှု ပြုခဲ့ရာကို ထုချေရာ ပြစ်ဒါဏ်ကို တရားသူကြီး အနန် အယ်လ် ဖါရာမှ ယခင် အပါတ်က ချမှတ်ထားသော စုစုပေါင်း ကျခံရမည့် အပြစ်ဒါဏ် ၁၃လအား ၃လအဖြစ် လျော့ပေါ့ ချမှတ်ပေးလိုက်သော်လည်း မူးယစ် သောက်စားသော ပြစ်ဒါဏ် ၁လ၊ ပေါင်း ၄လ ကျခံရမည်ဟု ကြာသာပတေးနေ့တွင် ဒူဘိုင်း ရုံးတော်မှ ပြောင်းလဲ ပြင်ဆင်ချမှတ်လိုက်သည်။

ထိုသို့ ထောင်ဒါဏ် ကျခံပြီးပါက ပြည်နှင်ဒါဏ်ပါ ပူးတွဲ ကျခံရမည် ဖြစ်ပြီး မောင်L.Z ကမူ ပြည်သူများ အမြင်တွင် မဖွယ်မရာ ပြုမူခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိတို့ နှစ်ဦးကို မည်သူမျှ စောင့်ကြည့်ခြင်း မရှိကြောင်းဖြင့် စောဒက တက်ကာ ရုံးတော်သို့ ထုချေသည်ကို ရုံးတော်မှ အသေခြာ စဉ်းစား ဆုံးဖြတ်ကာ မောင်L.Z ၏ ထုချေလွှာကို ပြင်ဆင် သုံးသပ်ခြင်း ဖြစ်သည်ဟု တရားသူကြီး အနန် မှ ဆိုသည်။

မK.P ကမူ ရုံးတော်သို့ ထုချေရာတွင် မိမိတို့ နှစ်ဦးမှာ လိင်ဆက်ဆံမှု ပြုခဲ့သည်မှာ မှန်ကန်ကြောင်း မူးနေသည့် အတွက်ကြောင့် အပြစ်မရှိကြောင်း ထွက်ဆို သွားသည်ဟု ဒူဘိုင်းထုတ် ပင်လယ်ကွေ့ သတင်းစာများတွင် ဖေါ်ပြထားသည်။

သတင်း ကိုးကား – {www.gulfnews.com}

LEAVE A REPLY

Please enter your comment!
Please enter your name here