ရီးရဲလ်အသင်း ကို ပြန်လည် ဖွဲ့စည်းသင့်ဟု ဇီဒန်း အကြံပြု ပြောကြား

alt

ပြင်သစ်လက်ရွေးစင် ဂန္တဝင် ကစားသမားကြီး ဇန်နီဒင်းဇီဒန်းက စပိန်လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းအနေနှင့် ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်သင့်နေပြီဟု အကြံပြု ခဲ့သည်။

ရီးရဲလ်တွင် အောင်မြင်မှုများ ရရှိခဲ့သော ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမား ဆုရခဲ့ဖူးသည့် ပြင်သစ် ကွင်းလယ် ဖန်တီးရှင်ဟောင်းကြီးက အသင်းအနေ နှင့် ဖွဲ့စည်းမှု ကျစ်လျစ်စေမည့် တိကျသော ပေါ်လစီ တစ်ခု ချမှတ်ရန် လိုအပ်နေပြီဟု ထောက်ပြခဲ့သည်။ ယခင် ဥက္ကဌ ဖလော်ရန်တီနိုပီရက်စ် ဇီဒန်း က ထောက်ခံ ခဲ့ပြီး ယခုလည်း အသင်း အတွက် အမှန်တကယ်လိုအပ်သည့် ကစားသမားမျိုး ပီရက်စ် လက်ထက်တွင်ကဲ့သို့ ၀ယ်ယူ သင့်ပြီဟုဆိုသည်။

လက်ရှိ အနေအထားအရ ရီးရဲလ်အသင်း အမှန်တကယ် လိုအပ်နေသည်မှာ ဂျာမနီချန်ပီယံ ဘိုင်ယန်မြူးနစ်မှ ပြင်သစ်လက်ရွေးစင် အလယ်တန်းလူ ဖရန့်ရီဘာရီ ဖြစ်သည်ဟု ဇီဒန်း က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here