ကမ္ဘာ့စီးပွားပျက်ကပ် ရိုက်ခတ်မှုကြောင့် ဆွီဒင်၏ ပညာရေး ထိခိုက်နိုင်

alt

ကမာ္ဘ့စီးပွားပျက်ကပ်နှင့်အတူ နောက်ဆက်တွဲ ရိုက်ခတ် လာသော လုပ်သား လျှော့ပေါ့မှု ဂယက်သည် ဆွီဒင်နိုင်ငံ၏ ပညာရေး ကဏ္ဍကိုပါ ထိခိုက်မှု ရှိလာနိုင် ကြောင်း သိရသည်။

စီးပွားရေး ကျဆင်းလာမှုနှင့်အတူ နိုင်ငံအတွင်းရှိ ကျောင်းများမှ ဆရာ ဆရာမများ၏ အလုပ်အကိုင် ဆက်လက်တည်မြဲမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာနေသည်ဟု ဆွီဒင်နိုင်ငံ ကျောင်းဆရာများ အစည်းအရုံးမှ မော့ခ်အန်ဒရက်စ်က ဆိုသည်။ လက်ရှိအချိန်တွင် လိုအပ်ပါက အလုပ်မှ ထုတ်ပယ်သွားမည်ဟု Notice ပေးခံရသူ ဆရာ၊ ဆရာမဦးရေ တစထက်တစ မြင့်တက်လာနေမှုမှာ စိုးရိမ်စရာ ဖြစ်လာနေသည်ဟု သိရသည်။ စစ်တမ်းများအရ စီးပွားပျက်ကပ် ၏ ရိုက်ခတ်မှုသည် ပညာရေးနယ်ပယ်မှ ၀န်ထမ်းများထံ ဦးတည်လာနေသည်ကို သိသိသာသာ တွေ့မြင်နေရကြောင်း ကျွမ်းကျင်သူများက သုံးသပ် ခဲ့သည်။

စာရင်းဇယားများက နိုင်ငံတဝှမ်းရှိ ပညာသင်ကြားရေးဝန်ထမ်း (၁၀၀၀) ခန့်သည် အချိန်မရွေး ထုတ်ပယ်ခံရမည်ဆိုသော Notice များ လက်ခံရရှိထားကြောင်း ဖော်ပြထားသည်။ နောက်ထပ် ဆွီဒင်ဆရာ၊ ဆရာမ (၅၀၀)ခန့်သည်လည်း Notice များ ပေးပို့ခံရမည့် အလားအလာရှိကြောင်း သိရသည်။ ဆွီဒင်တွင် စီးပွားရေး အကြပ်အတည်းကြောင့် ကျောင်းဆရာ၊ ဆရာမများကို အလုပ်ထုတ်ပစ်မှုသည် (၁၉၉၀) ပြည့်နှစ်များကလည်း ပေါ်ပေါက် ခဲ့ဖူးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here