ဆံပင်ဆက်ခြင်းနည်းပညာနှင့် ခေါင်းကိုက်မှု ဆက်စပ်လျက်ရှိ

alt

ဖင်လန်နိုင်ငံတွင် အသုံးပြုနေသည့် ဆံပင်ဆက်ခြင်း နည်းပညာသည် ခေါင်းကိုက်မှု ဝေဒနာတိုးပွားလာခြင်းနှင့် ဆက်စပ်နေဖွယ်ရှိကြောင်း သိရှိရသည်။

အမျိုးသမီးများ နှစ်သက်စွာ အသုံးပြုနေသည့် အဆိုပါ နည်းပညာသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ စတင်ပြန့်နှံ့လာခြင်းဖြစ်ပြီး အိန္ဒိယကဲ့သို့ ဆံပင်ရှည်ခြင်းကို မြတ်နိုးသည့် နိုင်ငံများမှ အမျိုးသမီးများ သဘောကျသည့် နည်းလမ်း လည်းဖြစ်သည်။ သို့သော်လည်း အဆိုပါနည်းလမ်းတွင် အသုံးပြုသော ကော်နှင့် ဆက်စပ်ဆေးဝါး အချို့တို့သည် ဥရောပရှိ အမျိုးသမီးများ၏ ဆံပင်အမျိုးအစားနှင့် ဓာတ်မတည့်သောကြောင့် ယခုလို ခေါင်းကိုက်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ပိုမိုသိသာလာခြင်းဟု ဖင်လန်နိုင်ငံမှ ဆံကေသာ အလှပြုပြင်ရေးဆိုင်ရာ ပညာရှင်များက ပြောကြားခဲ့သည်။

ယခုအခါတွင် ဥရောပတွင် ဆံပင်အရောင်းအဝယ်သည် အဓိကစီးပွားရေး လုပ်ငန်းတစ်ခုအသွင် ကူးပြောင်းလာနေပြီး ဆံပင်ဆက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခေါင်းကိုက်မှုသည် စိတ်ပိုင်းဆိုင်ရာနှင့်လည်း ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖင်လန်နိုင်ငံမှ ဆံပင်ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သည့် မီနာမာကိုနန်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here