ဝဘ်ဆိုဒ်များ ထိုးဖောက် ဝင်ရောက်ခံရမည့် အန္တရာယ် ပိုမိုများလာ

alt

၀ဘ်ဆိုဒ် တည်ထောင်သူများ အနေနှင့် မိမိဆိုဒ် အတွင်း ထိုးဖောက် ၀င်ရောက်ပြီး အချက်အလက်များကို ကြည့်ရှုခံရသည့် အန္တရာယ်မှာ တစထက် တစ မြင့်တက် လာနေကြောင်း ပညာရှင်များက သတိပေးလိုက်သည်။

World Wide Web  တီထွင်သူ ပညာရှင် ဆာ တင်ဘာနာ လီးက ထိုလုပ်ဆောင်မှု များသည် သူတပါး အိပ်ခန်းအတွင်း TV ကင်မရာ တပ်ထားသည် နှင့် အတူတူပင် ဖြစ်ကြောင်း ရှုတ်ချခဲ့သည်။

ဥပဒေများ အနေနှင့် အဆိုပါ ကျူးကျော်မှုကို ကိုင်တွယ်ရာတွင် အားနည်းချက်များ ရှိနေသေးသလို အဆိုပါ ကိစ္စသည် အလွန်သိမ်မွေ့ပြီး Sensitive ဖြစ်သောကြောင့် တိကျသော ပြဋ္ဌာန်းချက်များ ထုတ်ပြန်နိုင်ရန် ခက်ခဲသည် ဟုလည်း သိရသည်။

အင်တာနက်တွင် Privacy ချိုးဖောက်မှုများ မြင့်တက်လာမှု အပေါ် ကျွမ်းကျင်သူများက အလွန်အမင်း စိုးရိမ်နေကြသည်။ ဗြိတိန် ပါလီမန်အနေ နှင့် Online Privacy အတွက် တိကျသော ဥပဒေ တရပ် ချမှတ်ရန် လိုအပ်နေကြောင်း ဆာတင်ဘာနာလီးက တိုက်တွန်း ပြောဆိုလိုက်သည်။

နည်းပညာ တိုးတက်လာမှုနှင့် အတူ အချက်အလက် ဖောက်ထွင်းခံရမှုများကို တားဆီးနိုင်မည့် ဥပဒေများလည်း တိုးတက် လာဖို့လိုကြောင်း ၎င်းက မှတ်ချက် ပြုခဲ့သည်။ နိုင်ငံတကာတွင် Online Privacy ဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ် နေသော်လည်း သိသာ ထင်ရှားမှု မရှိခြင်းမှာ ထိုအခြေအနေကို ကိုယ်တွယ်ရန် မည်မျှ ခဲယဉ်းကြောင်း သက်သေ ပြနေခြင်းပင် ဖြစ်သည်ဟု ပညာရှင်များက ပြောဆို ထောက်ပြလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here