မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ရှားပါး ငါး မျိုးစိတ်သစ်

alt

သွေးစုပ် ဖုတ်ကောင်နှင့် သဏ္ဍာန်တူသော သွားစွယ်များ ရှိသည့် ငါးတမျိုးကို မြန်မာနိုင်ငံ အတွင်း တွေ့ရှိ ခဲ့ရကြောင်း သိရှိရသည်။

ယခင်က မှတ်တမ်း တင်ထားခြင်း မရှိသေးသည့် အဆိုပါ ငါးမျိုးနွယ်သည် သေးငယ် သော်လည်း အလွန် အရုပ်ဆိုးသည့် ပုံပန်း သဏ္ဍာန်မျိုး ရှိနေကြောင်း ပညာရှင်များက မှတ်ချက်ပြုခဲ့ ကြသည်။

Danionella dracula အမည်ရှိ အဆိုပါ ငါးငယ်သည် အရွယ်အားဖြင့် (၁၈)မီလီ မီတာမျှသာ ရှည်လျားပြီး ငါးမျိုးနွယ် (၃၇၀၀)ခန့် ပါ၀င်သည့် Cypriniform အုပ်စုတခုနှင့် ဆင်တူနေသော်လည်း မှတ်တမ်း မတင်ရသေးသည့် ငါးမျိုးစိတ် တခုသာဖြစ်ကြောင်း လန်ဒန်သဘာဝ သမိုင်းပြတိုက်မှ ဒေါက်တာ ရက်ဖ်ဘရစ်က ပြောကြားခဲ့သည်။

အဆိုပါ ငါးငယ်၏ မေးရိုးများမှ သိသာထင်ရှားစွာ ထွက်နေသည့် အစွယ်ချွန်မျိုး ပါရှိသော ငါးများသည် ကမာ္ဘပေါ်တွင် ပျောက်ကွယ်သွားသည်မှာ နှစ်သန်းပေါင်း (၅၀၀)ကျော်မျှ ရှိနေပြီဟု ယုံကြည်ထားသော်လည်း ယခု ငါးကို ရှာဖွေတွေ့ ရှိမှုသည် အံ့ဩစရာ အခြေအနေ

alt

တရပ်ဖြစ်ကြောင်း ရစ်ဖ်က ၀န်ခံခဲ့သည်။

၎င်းတို့ အနေနှင့် အဆိုပါငါးကို မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းရှိ စမ်းချောင်းတခုထဲတွင် လွန်ခဲ့သော (၂)နှစ် ကတည်းက တွေ့ရှိခဲ့သော်လည်း မျိုးစိတ်သစ် ဟုတ်မဟုတ် စီစစ်နေသဖြင့် ကြာမြင့် ခဲ့ရခြင်း ဖြစ်ကြောင်း ထပ်လောင်း ဝန်ခံကာ ယခုမှ အတည်ပြု ထုတ်ပြန် ကြေငြာ လိုက်ကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here