သီရိလင်္ကာမြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲ

alt

သီရိလင်္ကာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန် နေဆဲဟု ဒေသ ဆိုင်ရာ မီဒီယာများ ကဆိုသည်။ နိုင်ငံ အရှေ့ မြောက်ဘက် တွင် ခြေကုပ် ယူထားသည့် တမီကျား သူပုန်များ ကို အစိုးရတပ်များက

ပြင်းပြင်းထန်ထန် ထိုးစစ် ဆင်နေဆဲဖြစ်ပြီး အစိုးရ တပ်မတော်က တမီကျားသူပုန် ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဆဘာတနမ် ဆာဗက်သီရိုင်မှာ တိုက်ပွဲ အတွင်း ကျဆုံး ခဲ့ကြောင်း သိရသည်။ တမီများ၏ ၀က်ဘ်ဆိုက် ဖြစ်သော တမီနက်ကမူ အစိုးရစစ်သည် (၅၀) ကျဆုံးပြီး လက်နက်ကြီးအချို့ သိမ်းဆည်း ရမိကြောင်း ဖော်ပြ ထားသည်။

နှစ်ဖက်စလုံးမှ ကြေငြာချက်များ အတွက် တိကျသေချာသော အနေအထား မရှိဘဲ စစ်ပွဲဇုန် သို့လည်း သတင်းထောက်များ သွားရောက်ခွင့် ကို အစိုးရက ပိတ်ပင် ထားသည်။

ဆဘာတနမ် ဆာဗက်သီရိုင် သည် တမီအဖွဲ့၏ သက်တမ်းအရင့်ဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၎င်းကျဆုံးမှုကိုမူ အတည်ပြု နိုင်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများကဆိုသည်။ ၎င်းအား လေကြောင်း ထိုးစစ်တစ်ခု တွင် သုတ်သင် နိုင်ခဲ့ခြင်းဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here