ရာသီဥတုပူပြင်းသောကြောင့် ခေါင်းကိုက်ခြင်း ကိုပိုမို ဆိုးရွားစေနိုင်

alt

ရာသီဥတု ပူပြင်းလာခြင်းကြောင့် Migraine ခေါ် ခေါင်းကိုက်ခြင်းကို ပိုမို ဆိုးရွား စေနိုင်ကြောင်း အမေရိကန် ဆရာဝန်များ က သတိပေး ပြောဆို လိုက်သည်။ Migraine ဖြစ်လာ နိုင်ခြေသည် (၅)ဒီဂရီဆဲဆီးရပ် အပူချိန်တိုးတိုင်း (၇.၅) ရာခိုင်နှုန်း တိုးလာ နိုင်သည် ဟု ဆရာဝန်များ ကဆိုသည်။

Neurology စာစောင်တွင် ဖော်ပြထားမှု အရ ယခု စစ်တမ်း အတွက် လူ (၇၀၀၀) အား စာရင်းပြုစု ကောက်ခံ ခဲ့ကြောင်း သိရသည်။ အပူချိန် မြင့်မားမှု နည်းတူ လေထုဖိအား ကျဆင်း လာခြင်း ကလည်း Migraine ကို ပိုဆိုး စေကြောင်း သုတေသီများ က တွေ့ရှိ ခဲ့သည်။

အမေရိကန်ရှိ Migraine ဝေဒနာရှင် အတော်များများ သည် စိတ်ဖိစီးမှု၊ မသက်မသာ ခံစားရမှုများ ကြောင့် ယခု ဝေဒနာကို ခံစား ရခြင်း ဖြစ်သော်လည်း ပတ်ဝန်းကျင် အပူချိန်သည် အဆိုပါရောဂါနှင့် ဆက်စပ် နေသည်ကို သိရှိမှု နည်းပါး တတ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here