YouTube ဝက်ဘ်ဆိုက်မှ ဗီဒီယိုများကို ဗြိတိန်နိုင်ငံတွင် ပိတ်ပင်မည်

alt

YouTubeသည် ၎င်း၏ ဆိုက်ပေါ်တွင် တင်ထားသော တေးဂီတ Video Clip များကို ဗြိတိန်နိုင်ငံတွင် ကြည့်ရှုခွင့် ပိတ်ပစ်တော့မည်ဟု ဆိုသည်။ YouTube ကို ပိုင်ဆိုင်သော Google က အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားဖွယ်များ ဖြစ်လာနိုင်သဖြင့် ယခု လိုစီစဉ်ရခြင်း ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် YouTube ကို အားပေးနေသည့် သီချင်းချစ်သူများ အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာသလို YouTube ၏ အရှိန်အဝါကို ထိခိုက်စေနိုင်သော တုန့်ပြန်မှုမျိုး ပေါ်ပေါက်လာနိုင်သဖြင့် နာကျင်ရသော ဆုံးဖြတ်ချက်တစ်ခုဟု Google က ၀န်ခံခဲ့သည်။ လက်ရှိအချိန်တွင် Google အနေနှင့် မူပိုင်ခွင့်ဆိုင်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း အောင်မြင်မှု မရရှိသေးပေ။ YouTube ပရိသတ်များ ကိုယ်တိုင်ကလည်း Google ၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ကြသည်။

မူပိုင်ခွင့်ကို ချုပ်ကိုင်ထားသည့် ပုဂ္ဂိုလ်များဘက်မှ Google ၏ တောင်းဆိုချက်ကို ပယ်ချ နေဆဲဖြစ်သဖြင့် ဗြိတိန်တွင် တေးဂီတ Video Clip များ ကြည့်ရှုခွင့်ကို Google က ရပ်နား ခဲ့ရခြင်းဖြစ်သော်လည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် ညှိနှိုင်းသွားဦးမည်ဟု Google က ကတိပြုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here