တပတ်တကြိမ် ငါးစားသုံးသည့် ဆယ်ကျော်သက်များ ဉာဏ်ရည်ပိုမြင့်

alt

ဆယ်ကျော်သက် အရွယ်တွင် တပါတ်လျှင် တခါမျှ ငါးစားသည့် ယောက်ျားလေး များသည် ဉာဏ်ရည် အဆင့် ပိုမိုမြင့်မား လာကြောင်း ဆွီဒင်နိုင်ငံမှ စစ်တမ်း တခုက ဖော်ပြခဲ့သည်။

ရယ်ဒယ် ဘိုရီ မှ သုတေသီများသည် အသက် (၁၅)နှစ် ၀န်းကျင် ဆယ်ကျော်သက် ဆွီဒင် လူငယ် (၄၀၀၀) နီးပါးကို လေ့လာမှုများ ပြုလုပ်ပြီး ယခု ကြေငြာချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ငါးစားခြင်းနှင့် ဉာဏ်ရည် မြင့်မားခြင်းသည် လူငယ်ထုတွင် ထင်ထင်ရှားရှား တွေ့မြင်နေရကြောင်း ဂိုသင်ဘတ် တက္ကသိုလ်မှ ပရော်ဖက်ဆာ ကာဂျယ်တိုရန်က ပြောကြားခဲ့သည်။

၎င်းသည် သုတေသန လုပ်ငန်းအား ဦးဆောင်ခဲ့သည့် ပညာရှင်လည်း ဖြစ်သည်။ တပါတ်လျှင် တကြိမ်ထက် မက ငါးစားလေ လေ၊ ဉာဏ်ရည် တိုးတက်မှုမှာ နှစ်ဆမျှထိ တက်လာလေ လေဟု ပရော်ဖက်ဆာ ကာဂျယ်ကဆိုသည်။ အထူးသဖြင့် ဆယ်ကျော်သက် များတွင် ယောကျ်ားလေးများက မိန်းကလေးများထက် ပျမ်းမျှ (၁၂)ရာခိုင်နှုန်းထိ ဉာဏ်ရည် တိုးတက်မှု သာလွန်ကြောင်းလည်း ဆရာဝန်များက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here