တရုတ်နိုင်ငံတွင် တိဘက် ခေါင်းဆောင် ပေါ်ထွက်လာနိုင်ဟု ရစ်ချတ်ဂီရီ ပြောကြား

alt

ဟောလီးဝုဒ် ရုပ်ရှင်မင်းသား ရစ်ချတ် ဂီရီက အမေရိကန် ပြည်ထောင်စုသည် လူမည်း သမတ တဦးကို ပိုင်ဆိုင် နိုင်ခဲ့သည့် နည်းတူ တရုတ် နိုင်ငံသည်လည်း တချိန်ချိန်တွင် တိဘက် ခေါင်းဆောင်

တဦးဦးကို ရရှိ လာနိုင်ကြောင်း ခန့်မှန်း ပြောကြား လိုက်သည်။

ဗုဒ္ဓ ဘာသာဝင် တဦးဖြစ်သူ ဂီရီက ၀ါရှင်တန်ရှိ တိဘက် လှုပ်ရှားမှု နှစ်(၅၀)ပြည့် အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြား သွားခြင်း ဖြစ်သည်။ တရုတ် အစိုးရသည် တိဘက် ဒေသရှိ ဘုန်းတော်ကြီး လှုပ်ရှားမှုများကို နှိပ်ကွပ်လျှက် ရှိပြီး ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား မှာလည်း အိန္ဒိယသို့ တိမ်းရှောင်ခဲ့ရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်းက လူမည်းများသည် အမေရိကန်တွင် အနှိမ်ခံ လူတန်းစားအဖြစ် ရပ်တည်ခဲ့သော်လည်း ယခု အခါတွင် လူမည်းတဦးက အမေရိကန် ပြည်ထောင်စု တခုလုံး၏ အကြီးအမှူးအဖြစ် ရွေးချယ်ခံရပြီ ဖြစ်ကြောင်း၊ ထိုအခြေအနေမျိုး တရုတ်နိုင်ငံတွင် ဖြစ်မလာဟု မိမိအနေနှင့် မယုံကြည်ကြောင်း ဂီရီက သုံးသပ်ခဲ့သည်။ 

ဂီရီက တိဘက်နှင့် တရုတ်ကို ပေါင်းစည်းအုပ်ချုပ်မည့် တိဘက်ဝန်ကြီးချုပ် (သို့မဟုတ်) သမတ တဦး ထွက်ပေါ်လာမည်မှာ ကျိန်းသေကြောင်းလည်း ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here