မြန်မာနိုင်ငံ အတွက် အာမခံ လုပ်ဆောင်မှုများအား ပယ်ဖျက်

alt

QBE အာမခံလုပ်ငန်းက မြန်မာနိုင်ငံ အတွက် အာမခံ လုပ်ဆောင်မှုများကို ပယ်ဖျက်လိုက်ပြီး နိုင်ငံအတွင်း ကုမ္မဏီ၏ ရှေ့ဆက် ဆောင်ရွက် သွားမည့်

လုပ်ငန်း များကိုလည်း ရပ်ဆိုင်း ထားလိုက်ကြောင်း သိရှိ ရသည်။

ဗြိတိန် အခြေစိုက် Burma Campaign ၏ အမှုဆောင်ချုပ် ဖရန့် အိုဟော်လိုရန် က အာမခံလုပ်ငန်း ရပ်ဆိုင်း လိုက်ခြင်းနှင့် စပ်လျဉ်းပြီး ကုမ္မဏီ အနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ အဖွဲ့အစည်းအပေါ် မယုံကြည် တော့ကြောင်း၊  မထောက်ခံ သောကြောင့် လက်တွဲ ဆောင်ရွက်မှုကို ဖျက်သိမ်း လိုက်ခြင်းဟု ကြေငြာသွားသည်။

QBE အနေနှင့် မြန်မာနိုင်ငံ အတွင်း ရုံးခွဲ ဖွင့်လှစ်မည် မဟုတ်သလို ၀န်ထမ်းများ၊ အေးဂျင့်များ ခန့်ထားမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် လုပ်ငန်းကိစ္စ အဝဝကို လုံးဝ စွန့်ခွာခဲ့ပြီ ဖြစ်ကြောင်း ကုမ္မဏီက ကြေငြာလိုက်သည်။

Burma Campaign မှ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဂျွန်နီ ချတ်တာရွန် က ကမာ္ဘ့ စီးပွားပျက်ကပ် ပေါ်ပေါက် လာခြင်းသည်လည်း မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ပြန်လည် ဆုတ်ခွာစေသည့် အဓိက အကြောင်းတခု ဖြစ်နိုင်ကြောင်းဖြင့် သုံးသပ် ပြောဆိုထားပြန်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here