Gmail အသုံးပြုသူ အချို့၏ Account များ ယခုထိ ဖွင့်မရသေး

alt

Google က Gmail အသုံးပြုသူ အချို့တို့တွင် ယခုတိုင် ၎င်းတို့၏ Account များကို ဖွင့်မရသေးသည့် ပြဿနာ ရှိနေသေးကြောင်း ဂူးဂဲလ်က ၀န်ခံ လိုက်သည်။

ယခု အခြေအနေ အတွက် ဖြေရှင်းစရာ အသေးအမွှား ကိစ္စလေး အချို့ ရှိနေသေးသည်ဟု Google ကဆိုသည်။ ဥရောပ အခြေစိုက် အချက်အလက် စင်တာများတွင် ကြီးကြီးမားမား နည်းပညာ ချို့ယွင်းချက် အချို့ ပေါ်ပေါက်ခဲ့ပြီးနောက် Google ၏ Mail စနစ်မှ နာရီပိုင်းမျှ ပြတ်တောက်မှု ဖြစ်ပွားခဲ့သောကြောင့် Google က ၎င်း၏ ပရိသတ်အား တောင်းပန် ခဲ့ရသေးသည်။

မှားယွင်းမှု အားလုံးကို အပြီးသတ် ဖြေရှင်းရန် ပညာရှင်များက အချိန်နှင့် အမျှ ကြိုးစားနေပါသည်ဟု Google ကဆိုသည်။ လက်ရှိခေတ်တွင် Mail စနစ်သည် မည်မျှလောက် အရေးကြီးနေသည်ကို နားလည်ပါကြောင်း၊ ဖြစ်ပွားနေသည့် ပြဿနာကို အမြန်ဆုံး ပြေလည်စေရန် အားထုတ် ကြိုးပမ်းနေကြောင်း Google က ကြေငြာခဲ့သည်။

လက်ရှိ အချိန်တွင် Google ၏ User Base (၁၁၃)ခု တို့တွင် ချွတ်ယွင်းမှုများ ရှိနေပြီး ပြင်ဆင်မှုများ အလျှင်အမြန် ပြုလုပ် လျှက်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here