AIG အာမခံကုမ္မဏီ အရှုံးပေါ်၍ မန်ယူကို စပွန်ဆာ မပေးတော့

alt

Wall Street တွင် ရှယ်ရာ တန်ဖိုးများ ထိုးကျနေမှုနှင့် အတူ အမေရိကန်၏ နာမည်ကျော် အာမခံ ကုမ္ပဏီ လုပ်ငန်းစုကြီးဖြစ်သည့် AIG သည် အမေရိကန် သမိုင်းတလျှောက်

အဆိုးရွားဆုံး ငွေကြေး အရှုံးပေါ်မှုနှင့် ရင်ဆိုင်နေရသည်။

မတ်လ (၂)ရက်နေ့က AIG ၏ အရှုံးတန်ဖိုးသည် ပေါင်စတာလင် ဘီလျံ (၄၄)နီးပါး အထိ ရှိလာခဲ့ပြီး ပျမ်းမျှအားဖြင့် လွန်ခဲ့သော (၃)လ အတွင်း တနေ့လျှင် ပေါင်သန်း(၄၀၀)မျှ အရှုံးပေါ် နေခဲ့ခြင်းဖြစ်သည်။ AIG နာယကနှင့် အမှုဆောင် အရာရှိချုပ် အက်ဒွပ်လစ်ဒီက အမေရိကန် အစိုးရထံမှ ချေးငွေ ရရှိမှုဖြင့် ကုမ္မဏီ၏ အနာဂါတ်ကို ပြန်လည် ဦးမော့လာစေရန် မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

လောလောဆယ် တွင်မူ အစိုးရအနေဖြင့် AIG အတွက် ထောက်ပံ့မှု ချေးငွေ ပေါင်သန်း(၂၀) ထပ်ဖြည့်ပေးရန် တောင်းဆိုမှုကို ဆိုင်းငံ့ ထားဆဲဖြစ်သည်။ အမေရိကန် အခြေစိုက် အာမခံ လုပ်ငန်းစုကြီး သည် စီးပွားရေး အကြပ် အတည်းများကြောင့် အင်္ဂလန်မှ နာမည်ကျော် ဘောလုံးအသင်း မန်ချက်စတာ ယူနိုက်တက်အား Sponsor ပေးထားမှုကိုလည်း စာချုပ် သက်တမ်း မတိုးဖြစ်တော့ကြောင်း ကြေငြာ ထားပြီးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here