Windows 7 တွင် Internet Explorer ကို ပိတ်ထားနိုင်ရန် မိုက္ကရိုဆော့ဖ် စီစဉ်ပေးသွားမည်

alt

အသုံးပြုသူ များ၏ ယုံကြည်မှု လျော့နည်း လာသည့် Internet Explorer Web Browser ကို အသုံးမပြုလိုပါက Off လုပ်ပြီး ပိတ်ထားနိုင်ရန် Windows 7 တွင် စီမံ ပေးသွားမည်ဟု Microsoft က ကြေညာ လိုက်သည်။

ဥရောပ ဒေသတွင် IE ကို လူအများစုက မယုံကြည် ကြတော့သဖြင့် Microsoft က အသုံးပြုသူများ စိတ်ကြိုက် IE On/Off ပြုလုပ်နိုင်မည့် ပရိုဂရမ်အား အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အဆိုပါ အစီအစဉ်ကို လက်ရှိ Windows Vista တွင် ခွင့်ပြု ဦးမည် မဟုတ်ဘဲ နောက်နှစ်တွင် ထွက်ရှိမည့် Windows 7 ကျမှသာ အသုံးပြုသူများ ရရှိလာမည် ဖြစ်သည်။

IE ၏ လုံခြံုရေးဆိုင်ရာ ယိုပေါက်များကို ကမာ္ဘတလွှားရှိ IT ပညာရှင်များက ထောက်ပြ ခဲ့ပြီးနောက် Opera၊ FireFox၊ Chrome၊ Safari စသော Browser များ၏ ပြင်းထန်သော ယှဉ်ပြိုင်မှုအောက်တွင် ရုန်းကန်ခဲ့ရသည်။

ယခု အခါတွင် Microsoft က IE ကို မယုံကြည်ပါက အသုံးပြုဖို့ မလိုပါကြောင်း အတိအလင်း ကြေငြာလိုက်သည်။ ထို့အပြင် Microsoft က ကုမ္ပဏီ အနေနှင့် Windows 7 အား မျှော်လင့်ချက် ကြီးမားစွာထားရှိပြီး အဆိုပါ Windows သည် ကုမ္ပဏီအတွက် အလွန် အရေးပါမည်ဟု ယုံကြည်ထားကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here