တွမ်ခရုဇ် မိသားစု ဂျပန်နိုင်ငံသို့ ရောက်ရှိနေ

alt

မတ်လ (၈)ရက်နေ့က တွမ်ခရုစ်၊ ကေတီဟုမ်း နှင့် သမီးလေး ဆူရီတို့သည် ယခုအပါတ်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိ ခဲ့နေကြသည်။

အဆိုပါ ခရီးစဉ်သည် ၎င်းတို့ မိသားစု၏ ပထမဆုံး ကမာ္ဘ့ အရှေ့ခြမ်း ခရီးစဉ်လည်း ဖြစ်သည်။ တိုကျိုမြို့ နိုင်ငံတကာ လေဆိပ်သို့ ကိုယ်ပိုင် ဂျက်တစင်းဖြင့် ပျံသန်း ရောက်ရှိလာသည့် ခရုစ်တို့ မိသားစုကို ဂျပန်ပရိသတ် ရာပေါင်းများစွာက ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

(၂)နှစ် အရွယ် သမီးလေး ဆူရီကို ဟုမ်းက ချီလာခဲ့ပြီး သူမသည် ပရိသတ်များက ပေးခဲ့သည့် လက်ဆောင် အရုပ်ကလေး အများအပြား အတွက် ပျော်ရွှင ်မြူးထူးနေခဲ့သည်။ ဆူရီဆိုသော အမည်သည် ဂျပန်အဘိဓာန် စာအုပ်တအုပ် အတွင်းမှ မှည့်ထားသည့် နာမည်ဖြစ်ကြောင်း ခရုစ်က ၀န်ခံခဲ့ဖူးသည်။

Valkyrie ဇာတ်ကား တိုကျိုမြို့တွင် မတ်လ (၁၁)ရက်နေ့ ရုံတင်ပြသည်မည့် အရောင်းမြှင့်တင်မှု အခမ်းအနားသို့ ဆက်လက် ထွက်ခွာသွားသော ခရုစ်တို့ မိသားစုကို တိုကျိုပရိသတ်က သောင်းသောင်းဖြဖြ နှုတ်ဆက်ခဲ့ပြီး ပရိသတ်များက ခရုစ်တို့၏ သမီးလေး ဆူရီကို အလွန်နှစ်သက် ချစ်ခင်နေခဲ့ကြောင်း လေယာဉ်ကွင်း အမှုထမ်းများက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here