စစ်ပွဲအတွက် မြောက်ကိုရီးယားတို့ အသင့်ပြင်ထား ဟုဆို

alt

မြောက် ကိုရီးယား၏ ဂြိုဟ်တု လွှတ်တင်မှုကို အမေရိကန် နှင့် ဂျပန်တို့က ကန့်ကွက်ခဲ့မှု အတွက် မြောက် ကိုရီးယားက မတ်လ (၉)ရက်နေ့တွင် တင်းမာစွာ တုန့်ပြန် လိုက်ပြီဖြစ်သည်။

ဧပြီ လဆန်းတွင် လွှတ်တင်ရန် စီစဉ်ထားသည့် မြောက်ကိုရီးယား ဂြိုဟ်တုအား တားဆီးသည့် မည်သည့် နိုင်ငံကိုမဆို မြောက်ကိုရီးယားက ခွင့်လွှတ်မည် မဟုတ်ကြောင်း ကြေငြာချက် နှင့်အတူ မြောက်ကိုရီးယား နိုင်ငံ စစ်တပ်အားလုံးကို အသင့် အနေအထား တပ်လှန့် ထားလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ဆက်သွယ်ရေး ဂြိုဟ်တုတလုံး လွှတ်တင်မည်ဟု အစောပိုင်းက ကြေငြာ ထားခဲ့သော်လည်း ထိုဂြိုဟ်တုကို အသုံးပြုပြီး တာဝေးပစ် ဒုံးကျည်များကို ထိန်းချုပ် လာနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့ရာမှ အမေရိကန်၊ တောင်ကိုရီးယား တို့က ဂြိုဟ်တု အစီအစဉ်ကို ကန့်ကွက် လာရခြင်း ဖြစ်သည်။

ဂျပန် နှင့် အမေရိကန် အစိုးရများက လိုအပ်ပါက ထိုဂြိုဟ်တုကို ပစ်ချပစ်ရန် အကြံပြု ခဲ့ကြရာမှ မြောက်ကိုရီးယားက ယခုကဲ့သို့ တင်းတင်းမာမာ သဘောထား တုန့်ပြန်လာခြင်း ဖြစ်သည်။

အမေရိကန် အစိုးရကမူ အခြေအနေကို စောင့်ကြည့်နေပြီး တောင်ကိုရီးယား နိုင်ငံအတွင်းရှိ အမေရိကန်နှင့် တောင်ကိုရီးယား စစ်သည် များကိုလည်း လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ထားရန် အစိုးရ အသီးသီးက ညွှန်ကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here