မြန်မာ စစ်အစိုးရ၏ ဝန်ထမ်းများကို တောင်ကိုရီးယားသို့ ပညာတော်သင်စေလွှတ်မည်

alt

မြန်မာ စစ်အစိုးရ ၀န်ထမ်းများကို တောင်ကိုရီးယားသို့ ပညာတော်သင် စေလွှတ်မည်ဟု သိရသည်။

အဓိက အားဖြင့် မြန်မာနိုင်ငံ၏ နည်းပညာဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု မြင့်မား လာစေရေး ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ စေလွှတ်ခြင်း ဖြစ်သည်ဟု ပြည်တွင်း မီဒီယာတခုက ဖော်ပြခဲ့သည်။

စက်မှုနှင့် IT နည်းပညာ နယ်ပယ် ဖွံ့ ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် အနေနှင့် ပင်လယ်ရပ်ခြား ပညာတော်သင် ခရီးတခုကို စီစဉ်ခဲ့ခြင်း ဖြစ်ပြီး ကိုရီးယား နိုင်ငံတကာ ကော်ပိုရေးရှင်း အေဂျင်စီ (KOICA) က ယခု ခရီးစဉ်အတွက် Sponsor ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ စစ်အစိုးရ ၀န်ကြီးဌာန အတော်များများမှ ၀န်ထမ်း(၅၀)ကို ရွေးချယ် စေလွှတ် သွားမည်ဟုလည်း သိရသည်။ ယခု ခရီးစဉ် အပါအဝင် (KOICA) မှ မြန်မာနိုင်ငံ အတွက် ပညာတော်သင် စေလွှတ်ရေး Sponsor ပေးခဲ့သူ အရေအတွက်မှာ (၁၉၉၁) ခုနှစ်မှ စပြီး (၁၀၀၀) ကျော်သွားပြီဟုလည်း သိရှိရသည်။

အဆိုပါ လုပ်ငန်းစုသည် မကြာသေးမီ နှစ်ပိုင်းများ အတွင်းက တောင်ကိုရီးယားရှိ IT နည်းပညာ နယ်ပယ်တွင် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုပြုလုပ် လာကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here