မန်ယူကို ခြိမ်းခြောက်လိုက်သည့် အင်တာတိုက်စစ်မှူး

alt

အင်တာမီလန် တိုက်စစ်မှူး ဇလာတန် အီဗရာ မိုဗစ်က ၎င်းသည် လက်ရှိ ဥရောပ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်အား ချန်ပီယံလိဂ်မှ ထွက်ခွာ သွားရအောင် လုပ်နိုင်စွမ်း ရှိသူဟု မန်ချက်စတာ အသင်းထံ ခြိမ်းခြောက် ပြောဆို လိုက်သည်။

အီတလီမြေတွင် ဂိုးမရှိ သရေကျခဲ့ ပြီးနောက် အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ အိုးထရတ်ဖို့ ကွင်းကြီးတွင် မတ်လ (၁၁)ရက်နေ့ ည၌ ကွာတားဖိုင်နယ် တက်ခွင့်ရရေး အပြိုင်အဆိုင် ကြိုးပမ်း ရမည့်ပွဲတွင် မန်ချက်စတာအား အိပ်မက်ဆိုး မက်စေမည်ဟု အသက် (၂၇)နှစ် အရွယ် ဆွီဒင် လက်ရွေးစင်က ကြံုးဝါးလိုက်သည်။

လူတိုင်းလိုလို မန်ချက်စတာသာ နောက်တဆင့် တက်မည်ဟု ထင်မှတ်နေသည်ကို သိရှိပြီး ဖြစ်ကြောင်း၊ သို့သော်လည်း အင်တာမှာ မန်ချက်စတာ ပြုသမျှ နုရမည့် အသင်းမျိုး မဟုတ်ဆိုသည်ကို သိဖို့လိုကြောင်း၊ မန်ချက်စတာကို အကောင်းဆုံး ထိုးဖောက် သွားနိုင်မည်ဟု ယုံကြည်မိကြောင်း အီဗရာမိုဗစ်က သတင်းသမားများ ထံသို့ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here