မိုင်ယာမီ ကလေးဆေးရုံသို့ သွားရောက်ခဲ့သည့် ဘရစ်တနီ

alt

Pop ဂီတ အဆိုတော်မလေး ဘရစ်တနီ စပီးယားစ်သည် မီယာမီရှိ ကလေးဆေးရုံ တခုသို့ ကြိုတင် အသိပေးမှု မရှိဘဲ ရုတ်တရက် သွားရောက် ခဲ့ကြောင်း သိရှိရသည်။

စတိတ်ရှိုးတခု သွားမဖျော်ဖြေခင် နာရီပိုင်း အလိုတွင် ရောက်ရှိလာသော ဘရစ်နီကြောင့် ဆေးရုံမှ နာမကျန်း ဖြစ်နေသော ကလေးငယ်များသည် အလွန်အံ့ဩ ၀မ်းသာ သွားခဲ့ကြကြောင်း ဆေးရုံဝန်ထမ်းများက ပြောကြားခဲ့သည်။

အသက် (၂၇)နှစ် အရွယ် ဂရမ်မီဆုရှင် အဆိုတော်မလေးက Big Apple ဆက်ကပ်အဖွဲ့ စောင့်ရှောက်ရေး အစီအစဉ်သို့ အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) လှူဒါန်းခဲ့ပြီး ဆက်ကပ်အဖွဲ့မှ လူရွှင်တော်များကို ခေါ်ဆောင်လာကာ လူမမာ ကလေးငယ်များ ပျော်ရွှင်စေရေး ဖျော်ဖြေ စေခဲ့ကြောင်း သိရသည်။

ထိုဆေးရုံတွင် အတန်ကြာ နေပြီးမှ မီယာမီရှိ အမေရိကန် အရီနာ လေကြောင်းဌာနသို့ သွားရောက်ခဲ့ပြီး သူမ၏ Circus ဖျော်ဖြေပွဲ အစီအစဉ်ကို တင်ဆက် သွားခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here