အာစင်နယ် အတွက် သတင်းကောင်း တခု

alt

သီအိုဝဲကော့ နှင့် အီဒွာဒို တို့ ပြန်ပါ လာနိုင်တော့မည် ဆိုသော သတင်းမှာ ရလဒ်များ ကျဆင်းနေသည့် အာစင်နယ် အတွက် အားတက်စရာ ဖြစ်ခဲ့ရသည်။

အဆိုပါ အင်္ဂလန် နှင့် ခရိုအေးရှား လက်ရွေးစင် တိုက်စစ် ကစားသမားများသည် ဘန်လေ နှင့် ကစားမည့် FA ဖလား ပဥ္စမ အကျော့ပွဲစဉ်တွင် ပြန်လည် ပါ၀င်လာဖွယ်ရှိသည်။

အာစင်းဝင်းဂါးက ၀ဲကော့ နှင့် အီဒွာဒို တို့ ဒါဏ်ရာများမှ ပြန်လည် သက်သာလာပြီး ပွဲထွက် ကစားနိုင်တော့မည် ဆိုသော သတင်းများကို အတည်ပြုလိုက်ပြီး ပထမ(၁၁)ယောက် စာရင်းတွင် ထည့်သွင်းရန် စဉ်းစားထားကြောင်း ပြောဆိုခဲ့သည်။

အထူးသဖြင့် ၀ဲကော့သည် မတ်လ (၈)ရက်နေ့တွင် ကစားမည့် FA ဖလားတွင် ပွဲထွက် စာရင်းအတွင်း ပါလာနိုင်ကြောင်း ၀င်းဂါးက အာစင်နယ် ရုပ်သံမှ တဆင့် ပြောကြားသွားသည်။ ထိုပွဲတွင် ၀ဲကော့ နှင့် အီဒွာဒို တို့ ပြန်ပါ လာနိုင်သော်လည်း နောက်တန်းလူ ကိုလို တိုရေး မှာ ၀က်စ်ဘရွန် နှင့်ပွဲက ရခဲ့သောဒါဏ်ရာကြောင့် ပွဲစဉ် လွဲချော်နေဦးမည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here