မီးလောင်နေသည့် အိမ်အတွင်းမှ ပစ်ချခံရသည့် ကလေးငယ် စိုးရိမ်ဖွယ်ရှိ

alt

မီးလောင်နေသော မိသားစု နေအိမ်တွင်းမှ မိခင်ဖြစ်သူက ဇောနှင့် ပစ်ချလိုက်သည့် ကလေးငယ်တဦးအား ဆေးရုံတွင် အရေးပေါ် ကုသခဲ့ရကြောင်း သိရှိရသည်။

မတ်လ (၆)ရက်နေ့က တောင်ပိုင်း ဝေလတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း ကလေးငယ် နီဂယ်ဒစ်လစ် နှင့် ၎င်း၏ (၁)နှစ် နှင့် (၂)လအရွယ် အစ်ကိုဖြစ်သူ ထရီဗာ တို့နှစ်ဦးမှာ မိခင်ဖြစ်သူ၏ ပထမထပ်မှ ပစ်ချခြင်းကို ခံခဲ့ရသည်။

ထိုမိသားစုတွင် ကလေးငယ် (၆)ဦးရှိပြီး အသက် (၂)နှစ်အရွယ် သမီးလေး တဦးမှာလည်း ချားလ်စ် မင်းသားဆေးရုံတွင် အရေးပေါ် ဆေးကုသ ခံယူနေရသည်။ ပြူတင်းပေါက်မှ ပစ်ချခံရသည့် နီဂယ်ရော ထရီဗာကိုပါ ဝေလ တက္ကသိုလ်ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည်။

အစ်ကိုဖြစ်သူ ထရီဗာ၏ အခြေအနေမှာ စိတ်ချရပြီ ဖြစ်သော်လည်း နှစ်လသားလေး နီဂယ်၏ အသက်ကိုမူ လုနေရဆဲဟု ဆရာဝန်များက ဆိုသည်။ ကလေးများ၏ မိဘနှစ်ပါးဖြစ်သည့် ရော့စီ နှင့် ပေါလ်တို့မှာ အခြားသော ကလေးများနှင့် အတူ မီးခိုးမွှန်သည့် ဒါဏ်ကို ခံစားခဲ့ရပြီး ကုသခံ နေရဆဲဖြစ်သည်။ အိမ်နီးချင်းတဦးက ရော့စီသည် ကလေး(၃)ယောက်ကို အိမ်အောက် ဆင်းနိုင်ရန် မီးလျံများ လောင်ကျွမ်းနေသည့် အိပ်ခန်းအတွင်းမှ ကူညီပေးသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် သူမကိုယ်တိုင် ပိတ်မိနေသဖြင့် ကလေးနှစ်ဦးအား ပစ်ချပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသွားသည်။

တောင်ပိုင်းဝေလ ရဲတပ်ဖွဲ့က မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပြီး ရှို့မီးဟု ယူဆရသည့် အခြေအနေမျိုး မရှိကြောင်းလည်း ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here