ကားမောင်းရမ်းသည့် Transformers မင်းသား ဒရိုင်ဘာငှားလိုက်ရပြီ

alt

ကားမောင်းရမ်းသည့် Transformers မင်းသား ရှိုင်းလီဘော့ မှာ ယာဉ်မောင်း ဒရိုင်ဘာ ငှားရမ်း လိုက်ရပြီ ဖြစ်သည်။

အသက် (၂၂)နှစ် အရွယ် မင်းသားသည် (၂၀၀၈)ခုနှစ် ဇူလိုင်လ အတွင်းက ဟောလီးဝုဒ်တွင် ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့၍ လက်ကျိုး၍ မျက်ခုံးကွဲကာ ဆေးရုံ တက်ခဲ့ရပြီး ယာဉ်မောင်း လိုင်စင်လည်း အသိမ်းခံခဲ့ရသည်။

၎င်းသည် ကားတိုက်မှု အတွက် ထောင်ဒါဏ် ကျခံရခြင်း မရှိသော်လည်း ယခု မတ်လဆန်းတွင် အခင်းဖြစ်ပွားရာ မှုခင်းအတွက် ရုံးတော်မှ ဓာတုဗေဒ စမ်းသပ်မှု ပြုလုပ်ရန် ငြင်းဆန် ခဲ့သဖြင့် လော့စ် အိန်ဂျယ်လိစ် တရားရုံးက ယာဉ်မောင်းလိုင်စင် (၁)နှစ် ပိတ်ပင်ခဲ့သည်။

ထို့ကြောင့် လီဘော့သည် ဒရိုင်ဘာတဦး ငှားရမ်းပြီး နောက်ခန်းမှသာ သက်သောင့် သက်သာ စီးနင်းတော့မည်ဟု ၎င်း၏ မိတ်ဆွေများက ဆိုသည်။ ထို့အတူ လီဘော့ ကိုယ်တိုင်လည်း ကားမောင်းရသည်ကို ငြီးငွေ့နေပြီ ဖြစ်သောကြောင့် လိုင်စင် ပိတ်သိမ်းခံရသည့် သက်တမ်း ပြည့်သွားလျှင်လည်း ဒရိုင်ဘာ ဆက်လက်ငှားရမ်း ထားဖွယ်ရှိကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်းအဝိုင်းက Star မဂ္ဂဇင်းသို့ ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here