Spotify Music Sharing ဝဘ်ဆိုဒ် တိုက်ခိုက်ခံရ

alt

Music Sharing ၀ဘ်ဆိုဒ် တခုဖြစ်သည့် Spotify အား Hacker များက ထိုးဖောက် ၀င်ရောက်ကာ အသင်းဝင် (၁၀၀၀၀) ကျော်၏ ကိုယ်ရေး ကိုယ်တာ အချက်အလက် များကို ခိုးယူ သွားကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် အဆိုပါ ၀ဘ်ဆိုဒ်က ၎င်းတို့သည် ဆိုင်ဘာ တိုက်ခိုက်မှု တခုနှင့် ကြံုတွေ့ ခဲ့ရကြောင်း ၀န်ခံခဲ့ပြီး အသင်းဝင် အတော်များများ၏ email လိပ်စာ၊ မွေးသက္ကရာဇ်စသည့် အချက်အလက် မှတ်တမ်းများ အားလုံး ခိုးယူခံရကြောင်း အတည်ပြုခဲ့သည်။

ထိုးဖောက် ခံရမှုသည် ပြီးခဲ့သော သီတင်းပါတ် အတွင်းကဟုလည်း သိရသည်။ Password များနှင့် Registration Code များကိုပါ Hacker များ ရရှိသွားသဖြင့် member များအား Account Password များ ပြောင်းလဲပစ်ရန်လည်း ၀ဘ်ဆိုဒ်က အကြောင်းကြား ထားသည်။

ယခုကဲ့သို့ တိုက်ခိုက်ခံ ရမှုကြောင့် ကမာ္ဘတဝှမ်းရှိ ဆိုင်ဘာ လုံခြံုရေးစနစ်များ အတွက် တပ်လှန့်မှုတခု ဖြစ်လာခဲ့ပြီး Hacker များသည် တစထက်တစ လက်စွမ်းထက် လာနေကြောင်း ၀ဘ်ဆိုက်မှ တာဝန်ရှိသူများက ပြောကြား အသိပေးလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here