ဖာနန်ဒို တောရက်စ် ဒါဏ်ရာမှ မကြာမီ သက်သာ၍ ပြန်လာတော့မည်

alt

လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က ၎င်းသည် ပွဲကြီး ပွဲကောင်းများ ဆင်နွှဲနိုင်ရန် ဒါဏ်ရာမှ မကြာမီပင် သက်သာ လာမည်ဟု ယုံကြည် ထားကြောင်း ပြောကြား လိုက်သည်။

ရီးယယ်လ် မက်ဒရစ်နှင့် ချန်ပီယံလိဂ်ပွဲ၊ မန်ချက်စတာ ယူနိုက်တက် နှင့် ပရီးမီးယား လိဂ်ပွဲ တို့တွင် ကြံ့ခိုင်မှု အပြည့်ဖြင့် ပါ၀င် လာနိုင်မည်ဟု ယုံကြည် မိကြောင်း စပိန်လက်ရွေးစင် တိုက်စစ်မှူးက ဆိုသည်။

အသက် (၂၄)နှစ်ရှိ တောရက်စ်က လက်ရှိ အချိန်တွင် ကြံ့ခိုင်မှု တိုးတက် လာနေပြီဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး ထိုပွဲ နှစ်ပွဲလုံးတွင် ကစားလိုစိတ် အလွန်အမင်း ပြင်းပြနေကြောင်း ၀န်ခံခဲ့သည်။

အထူးသဖြင့် အိမ်ကွင်းတွင် ကစားရမည့် ချန်ပီယံ လိဂ်ပွဲအတွက် ရင်ခုန်မိကြောင်း၊ ထို့အတူ အိုးထရက် ဖို့ဒ် တွင် သွားကစားရမည့် ပရီးမီးယား လိဂ်ပွဲမှာလည်း လီဗာပူး၏ အမှတ်ပေးချန်ပီယံ မျှော်လင့်ချက် အတွက် အရေးပါသောကြောင့် ၀င်ကစားပေးလိုကြောင်း တောရက်စ်က ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here