မြန်မာ့ နိုင်ငံရေးသမားများ ဖက်မှ ဆောင်ရွက်ခဲ့သည့် ရှေ့နေ နှစ်ဦးအား ထောင်မှလွှတ်

alt

မြန်မာပြည် ဒီမိုကရေစီ အရေးအတွက် လှုပ်ရှားခဲ့ကြသည့် မြန်မာ့နိုင်ငံရေး သမားများ ဖက်မှ အကျိုးဆောင် ပေးခဲ့သည့် ရှေ့နေ နှစ်ဦးအား မြန်မာ စစ်အစိုးရက ထောင်မှ လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ရှေ့နေကြီး ဦးအောင်သိန်း နှင့် ဦးခင်မောင်ရှိန် တို့သည် ၂၀၀၈ခုနှစ် နိုဝင်ဘာလ အစောပိုင်း ကတည်းက အဖမ်းခံ ရပြီးနောက် (၄)လ အကြာတွင် ထောင်မှ ပြန်လည် လွတ်မြောက် လာပြီ ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် မတ်လ (၆)ရက်နေ့က လွတ်မြောက် လာခြင်းဖြစ်ပြီး ဦးအောင်သိန်းက ၎င်းတို့ နှစ်ဦးလုံး ပြန်လည် လွတ်မြောက်လာပြီဟု အတည်ပြု ကြေငြာခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် စစ်အစိုးရက မတရား စီရင်ချက် ချမှတ်ခဲ့သည့် ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးများ နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

လူ့ အခွင့်အရေး အဖွဲ့များက မြန်မာနိုင်ငံ အတွင်း စစ်အစိုးရ ဖမ်းဆီး အကျဉ်းချထားသည့် နိုင်ငံရေးသမား အရေအတွက်မှာ (၂၁၀၀) မျှ ကျန်ရှိနေ သေးကြောင်း ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here