ရီဟန်နာအား ရိုက်နှက်ခဲ့မှုကြောင့် ခရစ်ဘရောင်း တရား ရင်ဆိုင်နေရ

alt

ချစ်သူ ရီဟန်နာအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်ကာ နာကျင် စေခဲ့မှု အတွက် ခရစ်ဘရောင်း တယောက် အမှု၂ခုဖြင့် တရားရင်ဆိုင် နေရကြောင်း သိရှိရသည်။

R&B အဆိုတော်မလေး ၏ မျက်နှာတွင် သွေးပျက် လောက်အောင် ဒါဏ်ရာများ ရရှိအောင် တိုက်ခိုက်ခဲ့သော ခရစ် ဘရောင်းသည် ချစ်သူ ရီဟန်နာ နှင့် ပြန်လည် အဆင်ပြေပြီ ဖြစ်သော်လည်း မတ်လ (၅)ရက် နေ့မှစပြီး လော့စ် အိန်ဂျလိစ် မြို့တော် တရားရုံးတွင် စတင် စစ်ဆေး ကြားနာမှု ခံယူ နေရပြီဖြစ်သည်။

၎င်း အနေနှင့် ရီဟန်နာအား တိုက်ခိုက်ခဲ့သည့် ပြစ်မှု ထင်ရှားပါက ထောင်ဒါဏ် (၄)နှစ် အထိ ကျခံရနိုင်ပြီး ယခုအခါတွင် ဧပြီလ (၆)ရက်နေ့သို့ ရုံးချိန်း  ရွှေ့ပြောင်း ခေါ်ဆိုထားကြောင်း သိရသည်။

ခရစ်သည် ဖေဖော်ဝါရီလ (၈)ရက်နေ့က လမ်ဘော်ဂနီ လပ်ဇူရီ မော်တော်ကားပေါ်တွင် ရီဟန်နာအား ရိုက်နှက်ခဲ့ကြောင်း စွပ်စွဲ ခံထားရခြင်း ဖြစ်သည်။ ခရစ် ကမူ ရီဟန်နာအား တွန်းခဲ့ရုံသာ ဖြစ်ကြောင်း ထွက်ဆိုထားပြီး ရီဟန်နာ၏ မျက်နှာမှ ဒါဏ်ရာများသည် မတော်တဆ ရရှိခဲ့ခြင်းသာ ဖြစ်ကြောင်း ရုံးတော်တွင် လျှောက်လဲ သွားသည်။

ခရစ္စသည် ပြင်းထန်စွာ ကိုယ်နှုတ်အမူရာဖြင့် တိုက်ခိုက်ခဲ့ခြင်း၊ ခြိမ်းခြောက်မှု ဆိုင်ရာ မှုခင်း စသော အမှု ၂ခုဖြင့် တရားစွဲဆိုခြင်း ခံရသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here