ဂြိုလ်များကို ထောက်လှမ်းမည့် ဂြိုလ်တုတလုံးအား နာဆာမှလွှတ်တင်

alt

ကက်ပလာဟု အမည်ပေးထားသော ကမာ္ဘနှင့်ဆင်တူသည့် ဂြိုဟ်အား ထောက်လှမ်း ရှာဖွေရေး ဂြိုဟ်တုတခုကို နာဆာက မတ်လ (၆)ရက်နေ့က လွှတ်တင်လိုက်ကြောင်း သိရသည်။

၎င်းသည် မစ်ကီဝေးလ် နဂါးငွေ့တန်း အတွင်း ကမာ္ဘနှင့် သဘော သဘာဝ ဆင်တူသည့် ဂြိုဟ်များကို ရှာဖွေ ထောက်လှမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လွှတ်တင်ခဲ့ခြင်းဟု နာဆာက ကြေငြာသည်။

ကက်ပလာသည် (၁၇)ရာစု ဂျာမန် နက္ခတ်သိပ္ပံ ဘာသာရပ်တခုအား အစွဲပြု မှည့်ခေါ်ထားသည့် အမည်ဟုဆိုသည်။ ဒေါ်လာသန်း (၆၀၀) အကုန်အကျ ခံခဲ့သည့် အဆိုပါ ဂြိုဟ်တု စီမံကိန်းသည် စကြာဝဠာ လေ့လာရေး၏ ခြေလှမ်းသစ်တခု ဖြစ်လာစေရန် မျှော်လင့်ကြောင်း နာဆာက ထုတ်ပြန် ကြေငြာလိုက်သည်။

ကက်ပလာသည် နေအဖွဲ့ အစည်းအတွင်းမှ ထိုးထွက်ကာ ဆိုင်နက်စ် နှင့် လိုင်ရာ ကြယ်စုများထိ ကြယ် အဖွဲ့အစည်း (၁၀၀၀၀၀) တို့ကိုကျော်ကာ အလင်းနှစ် (၆၀၀) မှ (၃၀၀၀) ခန့်အထိ ပျံသန်းသွားမည်ဟု သိရသည်။

နာဆာ ၎င်းတို့သည် နေအဖွဲ့ အစည်းပြင်ပ ဂြိုဟ်(၃၀၀) ခန့်ကို လေ့လာပြီး ဖြစ်သော်လည်း လူနေနိုင်သည့် ကမာ္ဘနှင့် ဆင်တူသော ဂြိုဟ်မျိုး မတွေ့ဖူးသေးဘဲ အားလုံးလိုလို ဓာတ်ငွေ့များ ဖုံးလွှမ်းနေသည့် ဂြိုဟ်များသာ ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here