ပင်မဆဲလ် ကုထုံးသစ်ဖြင့် မျက်မမြင် မိန်းကလေးငယ်အား ကုသနိုင်ခဲ့

alt

ပင်မဆဲလ် ကုထုံးသစ် တခု၏ အကျိုးကျေးဇူးကြောင့် မျက်မမြင် မိန်းကလေးငယ် တဦး အမြင်အာရုံ ပြန်လည်ရရှိ လာကြောင်း သိရှိရသည်။

အသက် (၂)နှစ်အရွယ် ဒါကိုတာ ကလတ်ခ် သည် မွေးကတည်းက အမြင်အာရုံ ချွတ်ယွင်းနေခဲ့ပြီး ပထမဆုံးသော အမြင် ဆိုင်ရာ ပင်မဆဲလ် အစားထိုး ကုထုံး တခုကြောင့် မွေးမိခင်နှင့် ဖခင်တို့ကို မြင်တွေ့ခွင့် ရခဲ့ပြီ ဖြစ်သည်။

သူမအား တရုတ်နိုင်ငံတွင် ကုသခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်တွင် အပြီးသတ် စမ်းသပ်မှုများ ပြုလုပ်သွားရန် ကျန်ရှိနေဆဲဟု သိရှိရသည်။ ဗြိတိသျှ ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဒါရင် နှင့် ၀ီမာတို့သည် ၎င်းတို့၏ သမီးငယ်လေး အမြင်အာရုံ ရရှိစေရန် ပေါင်စတာလင် (၃၀၀၀၀)မျှ အကုန်အကျခံပြီး ယခုကုသမှုကို ပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။

ဒါကိုတာလေးအား ကုသပေးခဲ့သည့် တရုတ်နိုင်ငံမှ ဆရာဝန်များက ကလေးငယ်သည် အာရုံကြော အစီအစဉ် မကျမှု တမျိုးကြောင့် အမြင်စွမ်းအင်ကို ထိခိုက်သွားခြင်း ဖြစ်သော်လည်း ပင်မဆဲလ် ကုထုံးတမျိုးကြောင့် အရိပ်များကို စတင်ခွဲခြား သိရှိလာနေပြီး အခြေအနေ မှာလည်း ပိုမို တိုးတက်လာမည်ဟု ယူဆကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here