လန်ဒန်မြို့တော် ကော်ဖီဆိုင်မှ သွေးအေးသည့် သေနတ်သမား

alt

လန်ဒန် အရှေ့တောင်ပိုင်း ကော်ဖီဆိုင် တခုတွင် ပစ်ခတ်မှု တခု မတ်လ (၅)ရက်နေ့ ညနေပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သိရှိ ရသည်။

ညနေ (၄)နာရီ အချိန်တွင် ဆိုင်အတွင်း စားသောက်နေသူ တဦးအား သေနတ် သမားက နောက်မှ နေပြီး အနီးကပ် ချိန်ကာ ခေါင်းကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အသက် (၄၀)ခန့် ရှိသော သေနတ်သမားသည် ပစ်ခတ်ပြီးနောက် ဆိုင်မှ စားပွဲထိုးများအား ရဲထံ ဖုန်းဆက်ရန် ညွှန်ကြားပြီး အသာတကြည်ပင် အဖမ်းခံလိုက်သည်။

ရဲများ နှင့် ဆေးဝန်ထမ်းများ ရောက်ရှိလာ ပြီးနောက် အပစ်ခံရသူကို ရဟတ်ယာဉ်ဖြင့် ဆေးရုံပို့ရန် စီစဉ်ကြသော်လည်း အသက် မမီတော့ပေ။ သေဆုံးသူသည် အသက် (၃၀)ခန့်ရှိပြီး သေနတ်သမား နှင့် ယခင်ကလည်း ဆိုင်သို့ အတူ လာရောက်လေ့ ရှိကြောင်း ကော်ဖီဆိုင် ၀န်ထမ်းများက ဆိုသည်။

ယခုကဲ့သို့ သေနတ်နှင့် ပစ်ခတ်ခဲ့သည့် အကြောင်းရင်းကို မသိရသေးသလို လန်ဒန် အရှေ့တောင်ပိုင်း မော်တင်ဟမ်ရှိ အဆိုပါ DA Café ကော်ဖီဆိုင်ကို ပိတ်ထား လိုက်ရသည်။ ပစ်ခတ်မှုကို ကိုယ်တိုင် ကြံုခဲ့ရသူများက သေနတ်သမားသည် ဆိုင်အတွင်း အဖော်တယောက် နှင့် အလျင်ရောက်နေသည့် အပစ်ခံရသူကို ဟယ်လို ! ဟုပင် နှုတ်ဆက် လိုက်သေးကြောင်း၊ ထို့နောက် ထိုသူ၏ အနောက်ဘက်သို့ သွားရောက်ကာ ပါလာသည့် Revolver အမျိုးအစား ခြောက်လုံးပြူး သေနတ်ကို မောင်းတင်ကာ ခေါင်းနားကပ်ပြီး တေ့ဖြုတ် လိုက်ကြောင်း၊ ထိုသူ လဲကျသွားသောအခါ ခုံတလုံးတွင် ၀င်ထိုင်ပြီး ၎င်းအား လာဖမ်းရန် ရဲထံ ဖုန်းဆက်ခိုင်းခဲ့ကြောင်း ပြောကြားခဲ့ကြသည်။

ထိုပုဂ္ဂိုလ်ကို လန်ဒန် အရှေ့တောင်ပိုင်းရှိ ရဲအချုပ်ခန်း တခုတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here