ရန်ကုန်တွင် ဗုံး ပေါက်ကွဲမှုများ ထပ်ဖြစ်နိုင်ဟု ဆို

alt

မြန်မာ စစ်အစိုးရ အာဏာပိုင် များသည် ယခုအပါတ် အတွင်း အသေးစား ဗုံး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့နေ လူထုအား နောက်ထပ် ပေါက်ကွဲမှုများ

ဖြစ်ပေါ်လာနိုင် သေးကြောင်း သတိပေး နှိုးဆော် လိုက်သည်။

မတ်လ (၃) ရက်နေ့ ညက ဖြစ်ပွားခဲ့သော လှည်းတန်း နှင့် မြေနီကုန်း လမ်းဆုံများ ဗုံးပေါက်ကွဲမှုတွင် ထိခိုက် ဒါဏ်ရာရသူ မရှိသော်လည်း အနီး ပါတ်ဝန်းကျင်တွင် ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်ဟု ထုတ်ဖေါ် ပြောဆိုသည်။

အာဏာပိုင်များ အနေနှင့် ယခု ဗုံးများကို ထောင်ခဲ့သူသည် လူစည်ကားရာ နေရာများကို ဦးတည် တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြောင်း New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါ သတင်းစာတွင် ဖော်ပြမှု အရ ဗုံးကွဲပေါက်မှုနှင့် စပ်လျဉ်းသည့် စုံစမ်း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေပြီး ဗုံးကွဲမှု၏ နောက်ကွယ်မှ တာဝန်ရှိသူကိုမူ ယခုတိုင် မဖော် ထုတ်နိုင်သေးကြောင်း သိရသည်။

မြန်မာ စစ်အစိုးရကမူ ထုံးစံအတိုင်း ယခု ဗုံးခွဲမှုများသည် စစ်အစိုးရ ဆန့်ကျင်ရေး အင်အားစုများ နှင့် ပြည်ပရောက် အကြမ်းဖက် သမားများ၏ လုပ်ရပ်ဟု ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here