ပင်မဆဲလ်များ သုံး၍ ပါကင်ဆန် ရောဂါ ကုသနိုင်ရန် နီးစပ်

alt

ပင်မ ဆဲလ်များ အသုံးပြုပြီး ပါကင်ဆန် ရောဂါကို ကုသနိုင်မည့် နည်းလမ်းတခု ဖော်ထုတ်နိုင်ရန် အလွန် နီးစပ်နေပြီဟု အမေရိကန် ဆေးပညာရှင် များက ပြောကြား လိုက်သည်။

အရေပြားမှ တဆင့် ရရှိသော ပင်မ ဆဲလ်များကို ကျန်းမာ သန်စွမ်းသော ဦးနှောက် ဆဲလ်များ အဖြစ် ပြောင်းလဲ ပစ်နိုင်ရန် သုတေသီများက မျှော်လင့်နေပြီး ယခု စီမံကိန်းသည် ပင်မ ဆဲလ်များကို ဦးနှောက် ဆဲလ်များ အဖြစ် အသွင် ပြောင်းနိုင်ရန် ဆေးပညာရှင်များ ၏ ပထမဆုံး အကြိမ် ကြိုးပမ်းမှုလည်း ဖြစ်သည်။

ယခင်က နည်းလမ်းများနှင့် မတူဘဲ ယခု နည်းသစ်သည် ပိုမို အန္တရာယ်ကင်းပြီး ပိုလည်း ထိရောက်မည်ဟု အမေရိကန်နိုင်ငံ၊ မက်ဆာ ချူးဆက် ရှိ ၀ိှုက်ဟတ် ပညာရေးဌာန မှ သုတေသီများက ယုံကြည် နေကြသည်။

ပင်မ ဆဲလ်များမှ ကျန်းမာ သန်စွမ်းပြီး ခံနိုင်ရည် ပြည့်ဝသော ဦးနှောက် ဆဲလ်များ ထုတ်ပေးနိုင်ခြင်းဖြင့် ပါကင်ဆန် ရောဂါကို တွန်းလှန်နိုင်ရန် အလွန ်နီးစပ်လာမည်ဟု အဆိုပါ ဌာနမှ ဒေါက်တာ ရန်းဒေါ့ ဂျန်းနစ် က ထုတ်ဖေါ် ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here