American Glamour မဂ္ဂဇင်း မျက်နှာဖုံးရှင် အဖြစ်နဲ့ လွဲခဲ့ရတဲ့ လင်ဆေးလိုဟန်

alt

လင်ဆေးလိုဟန်သည် အမေရိကားတွင် ဩဇာအရှိန်အဝါ ရှိသော အရောင်းသွက် American Glamour မဂ္ဂဇင်းတွင် မျက်နှာဖုံး အတွက် ဓာတ်ပုံ ရိုက်ကူး ခဲ့သော်လည်း ကေတီဟုမ်း အား

မဂ္ဂဇင်းက မျက်နှာဖုံး တင်မည်ဟု ဆုံးဖြတ် ခဲ့မှုကြောင့် စိတ်ပျက် ဒေါသထွက် နေကြောင်း သိရသည်။

(၁၉၈၄) ခုနှစ်က မက်ဒေါနား ရိုက်ကူးခဲ့သည့် နာမည်ကျော် ပုံရိပ်တခုကို နမူနာ ယူကာ မင်္ဂလာ ၀တ်စုံ အဖြူရောင်ဖြင့် မိုက်ခွက်ကိုင် သီချင်း ဆိုနေသည့်ဟန် ဓာတ်ပုံ ရိုက်ထား သော်လည်း မဂ္ဂဇင်းက မျက်နှာဖုံး မတင်ခဲ့သောကြောင့် အသက် (၂၂)နှစ် အရွယ် မင်းသမီး အနေနှင့် အောင့်သက်သက် ဖြစ်နေသလို ဟုမ်း အပေါ်တွင်လည်း အမြင် မကြည်မလင် ဖြစ်နေသည်ဟု ဆိုသည်။

သို့သော်လည်း မဂ္ဂဇင်းကမူ ၎င်းတို့သည် လိုဟန် ကို မျက်နှာဖုံးတင်ရန် နဂိုရ် ကတည်းကပင် အစီအစဉ် မရှိကြောင်း ထုတ်ဖော် ငြင်းဆန်ခဲ့သည်။

ထို့ကြောင့် ဧပြီလထုတ် Glamour မဂ္ဂဇင်း အတွင်း စာမျက်နှာတွင်သာ လိုဟန် ၏ မင်္ဂလာ ၀တ်စုံနှင့် သီချင်း ဆိုနေသည့်ပုံကို တွေ့ရှိရမည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here