Facebook Home Page ဝဘ်ဒီဇိုင်း ပြောင်းလဲမည့် အစီအစဉ် စတင်

alt

Facebook သည် ၎င်း၏ Home Page ဒီဇိုင်းကို Real-Time Status များ ထည့်သွင်း ဖော်ပြနိုင်သည့် အခြေ အနေမျိုးသို့ ပြင်ဆင် ပြောင်းလဲ ပစ်ရန် စတင် ပြင်ဆင်နေပြီဟု သိရှိရသည်။

နာမည်ကျော် Social Networking ၀ဘ်ဆိုဒ်သည် ၎င်းအား ပခုံးချင်း တစထက် တစ ယှဉ်လာနေသော Twitter ကို ယှဉ်ပြိုင်ရန် ယခု စီမံကိန်းအား အကောင် အထည် ဖော်လာရခြင်း ဖြစ်သည်။

ပြီးခဲ့သော လပိုင်းအတွင်း Twitter အသုံးပြုသူ ဦးရေ ထိုးတက် လာခြင်းသည် Facebook ၏ လူသုံး အများဆုံး Social Networking ၀ဘ်ဆိုဒ် ဆိုသည့် ဂုဏ်အား ခြိမ်းခြောက် လာခဲ့သဖြင့် ယခု ၀န်ဆောင်မှုကို တိုးချဲ့လာခြင်း ဖြစ်သည်။

Facebook အား အသုံးပြုနေသူ (၁၇၅) သန်းတို့သည် ဝဘ်စာမျက်နှာ အတွင်း ၎င်းတို့ တွေ့မြင်နေသည့် အရာများကို ပိုမို လွယ်ကူစွာ ရွေးချယ်နိုင်ပြီး ၀န်ဆောင်မှုတိုင်းအား ပိုမို တိုက်ရိုက်ကျစွာ ခံစားနိုင်စေရန် ရည်ရွယ်ထားကြောင်း Facebook က ဆိုသည်။

Facbook အနေနှင့် Twitter မှ ဆောင်ရွက်ထားသည့် နာမည်ကျော် ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ ပြောကြားသည့် စကားများကို အသုံးပြုသူများထံ အချိန်နှင့် တပြေးညီ ပို့ဆောင်ပေးနေသည့် ပုံစံမျိုး လိုက်လံ ဆောင်ရွက်လာဖွယ်ရှိပြီး Twitter ၏ ယှဉ်ပြိုင်မှုကို အလေးထား တုန့်ပြန် သွားဖွယ်ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here