သတင်းထောက်ကို ထိုးကြိတ်ခဲ့မှု အတွက် အက်ရှ်လေ ကိုးလ် အား အရေးယူမည် မဟုတ်

alt

ယမန်နေ့ ညက လန်ဒန်မြို့ ညချမ်းတွင် သတင်းထောက်များကို ထိုးကြိတ် ခဲ့သဖြင့် လန်ဒန် ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း ခံခဲ့ရသည့် အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ နောက်တန်းလူ

အက်ရှ်လေ ကိုးလ် အား တစုံတရာ အရေးယူ သွားမည် မဟုတ်ကြောင်း ချဲလ်ဆီးနည်းပြ ဂူးဟစ်ဒင့် က ပြောကြား လိုက်သည်။

ကိုးလ်သည် ရဲများ၏ ဖမ်းဆီးမှုကို မတ်လ (၅) ရက်နေ့က ကြံုတွေ့ခဲ့ခြင်း ဖြစ်ရာ ချဲလ်ဆီးသည် ကစားသမားများ၏ ကွင်းပြင် လူနေမှု ပုံစံအတွက် တစုံတရာ အရေးမယူ သည်မှာ အစဉ်အလာလို ဖြစ်နေပြီဟု ဟစ်ဒင့်က သတင်းထောက်များသို့ ဆိုသည်။

ကိုးလ်သည် လန်ဒန် အနောက်ပိုင်း အရက်ဆိုင် တခုတွင် ၎င်းအား ဓာတ်ပုံ လာရိုက်သည့် သတင်းထောက်များ နှင့် အချင်းများပြီး ရန်ဖြစ် ခဲ့ခြင်းဖြစ်သည်။

ထို့အတွက် ဒါဏ်ငွေ ပေါင်(၈၀) ပေးဆောင်ခဲ့ ရပြီး တဖက်သို့လည်း တောင်းပန်ခဲ့ သဖြင့် ကိုးလ်ကို နောက်ထပ် အရေးယူမှု ပြုလုပ်မည် မဟုတ်တော့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖေါ် ပြောကြားခဲ့ပြီး ကိုးလ်အနေ နှင့် ခံဝန် လက်မှတ်တော့ ထိုးခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here