ကမ္ဘာပေါ်၌ မိုဘိုင်းဖုန်း အသုံးပြုသူ (၄.၁) ဘီလျံရှိနေပြီ

alt

(၂၀၀၈) ခုနှစ် ကုန်ဆုံးချိန်တွင် ကမာ္ဘ့ လူဦးရေ (၄.၁) ဘီလျံသည် မိုဘိုင်းဖုန်း အသုံးပြုသူများ ဖြစ်နေကြပြီဟု ကမာ္ဘ့ ကုလသမဂ္ဂ က တရားဝင် ထုတ်ပြန် ကြေငြာခဲ့သည်။

ထိုပမာဏသည် ကမာ္ဘ့ လူဦးရေ စုစုပေါင်း၏ (၆၀) ရာခိုင်နှုန်း ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်မူ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ဦးရေ တစထက်တစ များပြား လာခြင်းကြောင့် (၂၀၀၂) ခုနှစ်မှ စပြီး မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အရေအတွက်သည် သိသိသာသာ တိုးတက် လာခဲ့သည်ဟု ကုလသမဂ္ဂက ဆိုသည်။

အာဖရိကတိုက်မှ လူဦးရေ (၂၈) ရာခိုင်နှုန်းမျှ မိုဘိုင်းဖုန်း သုံးစွဲနေခြင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဆက်သွယ်ရေး တိုးတက်မှု ခြေလှမ်းတရပ်ဟု သိရသည်။ စာမျက်နှာ (၁၀၆) မျက်နှာရှိသော အဆိုပါ ကုလသမဂ္ဂ အစီရင်ခံစာ အရ ဆက်သွယ်မှု နည်းပညာ အမြင့်မားဆုံး အသုံးပြုနေသော နိုင်ငံသည် ဆွီဒင်ဖြစ်ပြီး၊ တောင်ကိုရီးယား နှင့် ဒိန်းမတ် တို့မှာ ဆွီဒင် နောက်မှ ရပ်တည်နေသည်။

ထိုနိုင်ငံများ အနောက်တွင်မူ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဂျပန်စသည့် နိုင်ငံကြီးများ တည်ရှိနေသည်။ မြန်မာနိုင်ငံမှာမူ ဆက်သွယ်မှု နည်းပညာ ထိုးကျသွားကြောင်း အစီရင်ခံစာတွင် ပါရှိပြီး အထူးသဖြင့် အင်တာနက် Bandwidth သည် (၅)နှစ် အတွင်း (၉၀) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။

မြန်မာ စစ်အစိုးရ အနေနှင့် Blogger များကို ဖမ်းဆီးထောင်ချ နှိပ်ကွပ်နေမှုများ အပါအဝင် အင်တာနက် မြန်နှုန်းများ လျှော့ချမှုကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်းဟုလည်း အစီရင်ခံစာက သုံးသပ် ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here