ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်မှာ မန်ယူ ဆက်လက် ဦးဆောင်နေ

alt

မတ်လ (၄) ရက်နေ့ ညက ကစားသွားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) အပြီးတွင် လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်သည် နယူး ကာဆယ် ယူနိုက်တက်ကို (၂)ဂိုး (၁)ဂိုးဖြင့်

အဝေးကွင်းတွင် အနိုင်ရရှိပြီး အမှတ်ပေး ဇယားတွင် ထိပ်ဆုံး နေရာမှ ဆက်လက် ရပ်တည် နေဆဲဖြစ်သည်။

ယခု အခါတွင် မန်ချက်စတာသည် လီဗာပူး နှင့် ချဲလ်ဆီး တို့ထက် တပွဲလျော့ ကစားထား သော်လည်း (၇)မှတ် အသာဖြင့် ဇယား ထိပ်တွင် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်လျက် ရှိသည်။

ထိုပွဲတွင် ဒိန်းမတ် တိုက်စစ်မှူး လိုဗင်ကရန် က မန်ချက်စတာ ဘက်သို့ ဦးဆောင်ဂိုး သွင်းခဲ့ သော်လည်း ၀ိန်းရူနီ နှင့် ဘာဘာတော့ တို့က ချန်ပီယံအသင်း အတွက် (၃)မှတ် ရစေမည့် ဂိုးများကို သွင်းယူ ပေးခဲ့သည်။

ထိုပွဲတွင် လိုဗင်ကရန် သွင်းယူသော ဂိုးမှာ မန်ချက်စတာ ဂိုးသမား ဗင်ဒါဆား ၏ (၁၄) ပွဲဆက် ပေးဂိုးမရှိ စံချိန်ကို ကျိုးပျက် သွားစေခဲ့ သော်လည်း မန်ချက်စတာ ၏ အနိုင် ရလဒ် ကိုမူ မတားဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here