Social Networking ဝဘ်ဆိုဒ် သုံးစွဲမှု မြင့်တက်၍ ဆိုက်ဘာ ရာဇဝတ်မှုများ စိုးရိမ်လာရ

alt

ဗြိတိန်ရှိ ကလေးငယ်များတွင် Facebook နှင့် Twitter ကဲ့သို့ Social Networking ၀ဘ်ဆိုဒ်များ သုံးစွဲမှုသည် အလွန် လျင်မြန်စွာ ပြန့်နှံ့ နေကြောင်း ပညာရှင် များက ထောက်ပြ ပြောကြားလိုက်သည်။

ထို့အပြင် Online မှတဆင့် ကလေး များအား စိတ်ပိုင်း ဆိုင်ရာ ထိခိုက် ကြေကွဲအောင် ပြုလုပ်နေခြင်း မှာလည်း ပိုမိုများပြား လာကြောင်း သိရသည်။ အသက် (၁၁)နှစ် နှင့် (၁၈)နှစ်ကြား ဆယ်ကျော်သက် လူငယ် (၂၀၀၀) တို့အား သုတေသန ပြုလုပ်မှုအရ Social Networking ၀ဘ်ဆိုဒ် များကို အသုံးပြုရင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်အောင် ပြောကြားခံရမှုမှာ ကလေးငယ် (၃) ဦးတွင် (၁)ဦး မျှအထိ များပြားနေပြီဟု ဖော်ပြထားသည်။

ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ကလေးသူငယ်များ Online ကြောင့် ထိခိုက်မှု မရှိစေရေး ဆောင်ရွက်သွားရန် လိုအပ် နေပြီဟု သတိပေး ပြောကြား ခဲ့သော်လည်း လက်တွေ့တွင် ထိန်းချုပ်နိုင်ရန် ခက်ခဲနေသေးကြောင်း ၀န်ခံခဲ့သည်။

ဘရောင်းက အင်တာနက်မှ တဆင့် ကလေးများ စိတ်အားလျော့ပါး သိမ်ငယ်အောင် အနိုင်အထက်ကလူ ပြောကြားမှုများသည် ဆိုက်ဘာ ရာဇဝတ်မှု တမျိုးပင်ဖြစ်ကြောင်း စွပ်စွဲသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here