ဗြိတိန်နိုင်ငံ မြောက်ပိုင်း ဂလပ်စကိုမြို့တော် လွတ်မြောက်ရေးဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံ မြောက်ပိုင်းရှိ ဂလပ်စကို မြို့တော် လွတ်မြောက်ရေး ဆုအား ယခု အပါတ် ဗုဒ္ဓဟူးနေ့က ချီးမြှင့် လိုက်သည်။

ထိုဆုအား သူမကိုယ်တိုင် တက်ရောက် မယူနိုင် သော်လည်း အမျိုးသား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာရှင် လက်အောက် တိုက်ပွဲများကြားမှ ပြည်သူများထံ လွတ်မြောက်ရေး ဆောင်ကြဉ်းပေးမည့် သူ ဖြစ်၍ ယခု ဂလပ်စကိုမြို့ လွတ်မြောက်ရေးဆု အား ဒေါက်တာ အောင်ဆန်းစုကြည်အား ချီးမြှင့် ရခြင်း ဖြစ်သည်ဟု ဂလပ်စကိုမြို့တော် အုပ်ချုပ်ရေး အဖွဲ့မှ Lord Provost ဘော့ဘ် ဝင်းတား မှ ချီးကျူး ပြောကြားလိုက်သည်။

၎င်း လွတ်မြောက်ရေး ဆုအား တောင်အာဖရိက လွတ်မြောက်ရေး ခေါင်းဆောင် နယ်လ်ဆင် မင်ဒရဲလ်လား လဲရရှိဖူးကာ ညွှန့်ပေါင်းအစိုးရ အဖွဲ့မှ ဒေါက်တာ သောင်းထွန်းမှ ဆုကို ကိုယ်စား လက်ခံယူကာ အမှာစကားပြော ကြားခဲ့သည်ဟု အင်္ဂလန်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here